၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၈-၆-၂၀၂၂ ရက်နေ့ နေ့လယ်(၁:၀၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) စွယ်တော်ဆောင်အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေချုပ်ရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့မှ တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။