(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အကြိုလှုံဆော်ရေးအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင် ဝန်ထမ်းများက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)တွင် ထုတ်လွှင့်ပြသမည့် ရွှေမြန်မာအငြိမ့် ရိုက်ကူးခဲ့ပါသည်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ချမှတ်ထားသည့် လုပ်ငန်းစဉ် များအတိုင်း မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းလျက် အဆို၊ အက၊ အတီး များဖြင့်  ပြည်သူများအားအပန်းဖြေစေရန် ဖျော်ဖြေတင်ဆက်ပေးလျက်ရှိပါသည်။ ဇာတ်တော်ကြီးများ ဖော်ထုတ်တင်ဆက်ခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ နယ်လှည့်ဖျော်ဖြေတင်ဆက်ခြင်း၊ နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာရောက်လည်ပတ် သည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတော်အဆင့်ပြိုင်ပွဲဖြစ်သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အကြုံလှုံဆော်ရေးအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား MRTV တွင် ထုတ်လွှင့်ပြသနိုင်ရန် ရွှေမြန်မာအငြိမ့်အစီအစဉ် ရိုက်ကူးခြင်းကို ၉.၆.၂၀၂၂ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)နေပြည်တော်၊ လေ့ကျင့်ရေး ဇာတ်ရုံတွင် ရိုက်ကူးခဲ့ပါသည်။

You need to add a widget, row, or prebuilt layout before you’ll see anything here. 🙂