ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့၌ (၁၉.၇.၂၀၂၂)ရက်နေ့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲကျင်းပပြုလုပ်မည်

(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်)တို့၌ (၁၉.၇.၂၀၂၂)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှ ညနေ(၀၄:၀၀)နာရီအထိ အထူးပြပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင်လည်း ပုံမှန်အတိုင်း ဝင်ရောက် လေ့လာနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။