(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အနုပညာရှင်များ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်ရေး ဘာသာရပ်ဆိုင်ရာ အနုပညာရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခြင်း

          ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အနုပညာရှင်များ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဘာသာရပ်ဆိုင်ရာ အနုပညာရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၅-၇-၂၀၂၂ ရက်နေ့၊ ၁၀:၀၀ နာရီ၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ နှင့် ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊ ဆိုင်းပညာရှင်များ၊ တေးရေးပညာရှင်များ တက်ရောက် ခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး၊  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး က ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ ဘာသာရပ်ဆိုင်ရာ အနုပညာရှင်ကြီးများက ဆွေးနွေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် က အနုပညာရှင်ကြီးများ၏တင်ပြချက်များအပေါ် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အနုပညာရှင်များ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

          ထို့နောက်  ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ က နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို နေ့လယ် ၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။