၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီး(အဆင့်မြင့်ပညာအဆင့်)၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး

          ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီး(အဆင့်မြင့်ပညာအဆင့်)၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ၈-၇-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီး(အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး      ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံ များမှ ကျောင်းအုပ်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများမှ အနုပညာအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး က   နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊   အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲကျင်းပရေး ဆိုင်ရာကိစ္စရပ်များအား အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါ်စန္ဒာဝင်း၊ ဌာနမှူး၊ သင်တန်းရေးရာဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)က ရှင်းလင်းတင်ပြခြင်း၊ တက္ကသိုလ်၊ ကောလိပ်များ၏ ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အထွေထွေ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁:၅၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။