(၂၃) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးကွန်ရက် အစည်းအဝေး

The Twenty – Third Meeting of the ASEAN – COCI Sub- Committee on Culture &  The Eleventh Meeting of the ASEAN Plus Three Cultural Cooperation Network ၂၈..၂၀၂၂ မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံ၊ ကူချင်မြို့၌ (၂၇.၇.၂၀၂၂) ရက်နေ့မှ (၂၈.၇.၂၀၂၂)ရက်နေ့အထိ ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ + ၃ ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ဒုတိယသဘာပတိအဖြစ် အလှည့်ကျဆောင်ရွက်ရန်အတွက မြန်မာနိုင်ငံ၊ အာဆီယံ ယဉ်ကျေးမှု နှင့်အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOMCA Leader)နှင့် ကိုယ်စားလှယ် ၁ ဦး တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးများတွင် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ကိုးကွယ်ရာ ဘာသာနှင့် လူမှုရေးတိုးတက်မှုဆိုင်ရာ အပြန်အလှန်နားလည်ယုံကြည်မှုတို့ကို တိုးမြှင့် ခိုင်မာစေရေး၊ အာဆီယံနိုင်ငံများအကြား မတူကွဲပြားမှုများအား အပြန်အလှန် အသိအမှတ် ပြုစေရေး၊ စည်းလုံးညီညွတ်မှု တောင့်တင်းခိုင်မာစေရေးနှင့် အာဆီယံ၏ အသိအမြင်ကို ပြည်သူများက သိရှိလာစေရန် အားပေးဆောင်ရွက်ရေးတို့အတွက် အာဆီယံ ရိုးရာဓလေ့နှင့် အနုပညာ၊ ရိုးရာအစားအစာ၊ ရှေးဟောင်းသုတေသန၊ ပြတိုက်နှင့် စာကြည့်တိုက်များ ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် အာဆီယံပြည်သူများအချင်းချင်း ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ရေးတို့ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း ၅၀ ကျော်တို့နှင့်ပတ်သက်၍  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ + ၃ နိုင်ငံများ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် (၂၄) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှု ဆပ်ကော်မတီအစည်းအဝေးနှင့် (၁၂) ကြိမ် မြောက် အာဆီယံ + ၃ ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေး ကွန်ရက်အစည်းအဝေးတို့ကိုမြန်မာ နိုင်ငံက သဘာပတိ တာဝန်ယူပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိ သည်။