(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အခြေခံပညာအဆင့်၊ ခရိုင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ရေး အစည်းအဝေး

          (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အခြေခံပညာအဆင့်၊ ခရိုင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ရေး အစည်းအဝေးကို ၂၂-၇-၂၀၂၂ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဌာနမှူး/ပါမောက္ခများ၊ ရန်ကုန်တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ IT နည်းပညာရှင်၊ ဥပဒေအကြံပေး၊ ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။