သရေခေတ္တရာဌာနစု ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစု၌ ဝန်ထမ်းမိသားစုများ၏ ကျောင်းသားကျောင်းသူများသို့ ၂၀၂၂-၂၀၂၃ ခုနှစ် အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို (၂၉.၇.၂၀၂၂)ရက်နေ့တွင်  ကျင်းပခဲ့ရာ         ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ၊ ဌာနဝန်ထမ်းများ၊ ကျောင်းသားမိဘများ စုစုပေါင်း(၃၅)ဦး တတ်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တက္ကသိုလ်အဆင့် တက်ရောက်နေသော ကျောင်းသား တစ်ဦးလျှင် ၁၁၀၀၀ကျပ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်တွင် ၉၀၀၀ကျပ်နှုန်းဖြင့်            လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ၆၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် ၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း စုစုပေါင်းကျောင်းသားကျောင်းသူ (၁၂)ဦးကို ပညာသင်ထောက်ပံ့ ကြေး‌ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။