အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်၌ ပညာသင်ကြားလျက်ရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ရိုးရာစကားပုံများကို သိရှိလေ့လာ၊ မှတ်သား၊ လိုက်နာ၊ လက်ဆင့်ကမ်းနိုင်စေရန်ရည်ရွယ်၍ Tik Tok နှင့် ဇာတ်လမ်းတိုပြိုင်ပွဲများကို ၂၂.၈.၂၀၂၂ ရက်နေ့နှင့် “စံပြုထိုက်ပေ၊ မှတ်ပါလေ၊ မြန်မာစကားပုံ အထွေထွေ”စကားဝိုင်းနှင့်မြန်မာစကားပုံပဟေဠိပြိုင်ပွဲကို ၂၃.၈.၂၀၂၂ နေ့ရက်တို့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။
Tik Tok ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအား အဖွဲ့များခွဲ၍ ၂၂.၈.၂၀၂၂ ရက်နေ့၌ ယှဉ်ပြိုင်စေခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ဆရာ၊ ဆရာမများက Tik Tok နှင့် ဇာတ်လမ်းတို ပြိုင်ပွဲဝင်အဖွဲ့(၁၂)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆု(၆)ဆု ရွေးချယ်ပေးခဲ့ပါသည်။
“စံပြုထိုက်ပေ၊ မှတ်ပါလေ၊ မြန်မာစကားပုံအထွေထွေ” စကားဝိုင်းနှင့်မြန်မာစကားပုံပဟေဠိ ပြိုင်ပွဲကို ၂၃.၈.၂၀၂၂ ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက “ယဉ်ကျေးမှုအသိပညာမြင့်မားရေးနှင့် စကားပုံများ၏အခန်းကဏ္ဍ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကထိက(မြန်မာစာ(ငြိမ်း) စာပေပညာဌာနမှ ဆရာမကြီး ဒေါ်တင်တင်ထားက “စကားပုံကပေးသော သိကောင်းစရာများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်မျိုး၊က “စကားပုံကပြောသော ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း မြန်မာစကားပုံအချို့၏အဓိပ္ပာယ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြန်မာစကားပုံပဟေဠိပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ကျောင်းသား၊ ကျောင်းသူ များက အဖွဲ့(၆)ဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု(၂)ဆုနှင့် နှစ်သိမ့်ဆု(၂)ဆု၊ စုစုပေါင်း ဆု(၆)ဆုကို ရွေးချယ်ကာ ဆုများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များနှင့် စာပေပညာဌာန၊ ပါမောက္ခ၊ဌာနမှူးတို့က ချီးမြှင့်ခဲ့ကြပါသည်၊
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)မှ ဖိတ်ကြားထားရှိသူ များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး နေ့လယ်(၃:၃၀)နာရီ၌ ကျင်းပပြီးစီးခဲ့ပါ သည်။