ဖွဲ့စည်းပုံညှိနှိုင်းရေးအစည်းအဝေးကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာဘွဲ့(ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံခန့်ခွဲမှုပညာ)  ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံခန့်ခွဲမှုပညာဌာန တိုးချဲ့ ဖွဲ့စည်းရန် ဖွဲ့စည်းပုံညှိနှိုင်းရေးအစည်းအဝေးကို ၂၃-၈-၂၀၂၂ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီ တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။          

အစည်းအဝေးတွင် ဝိဇ္ဇာဘွဲ့(ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးစီမံခန့်ခွဲမှုပညာ)ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံခန့်ခွဲမှုပညာဌာန တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိစ္စ၊ သင်ကြားရေးတာဝန်ယူဆောင်ရွက်မည့် ဆရာ၊ ဆရာမများ ခန့်အပ်နိုင်ရေးကိစ္စ၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ရေးဆွဲသွားနိုင်ရေးကိစ္စများ စီစဉ်ဆောင်ရွက သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.