ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရမည့်အဆင့်များ
၁။ ၂၀၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောက်ဖော်ပြပါအဆင့်များဖြင့် ယှဉ်ပြိုင်ရန်ဖြစ်ပါသည် –
(က) ဝါသနာရှင်(ပထမတန်း)အဆင့်
(ခ) ဝါသနာရှင်(ဒုတိယတန်း)အဆင့်
(ဂ) အဆင့်မြင့်ပညာအဆင့်
(ဃ) အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်
(င) အခြေခံပညာ(အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်
ပြိုင်ပွဲဝင်ရမည့်ဘာသာရပ်များ
၂။ ၂၀၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောက်ဖော်ပြပါ ဘာသာရပ်များဖြင့် ယှဉ်ပြိုင်ရန် ဖြစ်ပါသည် –
(က) အဆိုပြိုင်ပွဲ
(၁) မဟာဂီတ(အဆင့်အားလုံး)
(၂) ခေတ်ဟောင်းတေး/ကာလပေါ်(အဆင့်အားလုံး)
(၃) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်းပြိုင်ပွဲ (ဝါသနာရှင် -ဒုတိယ
တန်းအဆင့်၊ အဆင့်မြင့်ပညာအဆင့်)
(ခ) အကပြိုင်ပွဲ
(၁) အကပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး)(အဆင့်အားလုံး)
(၂) မြန်မာအကအခြေခံကဗျာလွတ်အက(ပထမအဆင့်)(အမျိုးသမီး) ၁၆ ဦးယိမ်း အကပြိုင်ပွဲ၊ (အခြေခံပညာအသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်းအဆင့်)
(၃) တိုင်းရင်းသားရိုးရာအက/ ကျေးလက်ရိုးရာအကပြိုင်ပွဲ (တစ်ဖွဲ့လျှင် ၁၆ ဦး ကြာမြင့်ချိန် အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ်ထက်မပိုသော တေးသီချင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်၊)
(၄) မွန်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ
၂
(၅) ဇာတ်တော်ကြီးပြိုင်ပွဲ၊ ဝါသနာရှင်(ပထမတန်း)အဆင့် ရာမာယဏဇာတ် တော်ကြီး(ပြိုင်ပွဲဝင်ရန် သတ်မှတ်ချိန်မှာ ၃ နာရီဖြစ်ပြီး ပြိုင်ပွဲဝင် အင်အား မှာတစ်ဖွဲ့လျှင်ဆိုငိုပြောနှင့်အခြားပညာရှင်၂၃ဦး၊ ဆိုင်း ၈ ဦးစုစုပေါင်း ၃၁ ဦး ယှဉ်ပြိုင်ရန်၊)
(၆) ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲ ဝါသနာရှင်(ပထမတန်း)အဆင့် ငါးပါဒအက္ခရာ ဇာတ်(ပြိုင်ပွဲဝင်ရန် သတ်မှတ်ချိန်မှာ ၁နာရီ ၃၀ မိနစ်ဖြစ်ပြီး ပြိုင်ပွဲဝင် အင်အားမှာ တစ်ဖွဲ့လျှင် ကြိုးဆွဲနှင့် ဆိုငိုပြောပညာရှင် ၁၃ ဦး၊ ဆိုင်း ၇ ဦး စုစုပေါင်း ၂၀ ဦးယှဉ်ပြိုင်ရန်၊ )
(၇) ဝါသနာရှင်(ဒုတိယတန်း)အဆင့် ရုပ်သေးကြိုးဆွဲပြိုင်ပွဲ(အမျိုးသား၊ အမျိုး သမီး)(မင်းသမီးအရုပ်ကိုအဖြစ်မနေယှဉ်ပြိုင်ရမည်ဖြစ်ပြီး မင်းသားအရုပ်နှင့် ဇော်အရုပ်ကို မဲနှိုက်၍ယှဉ်ပြိုင်ရန်၊)
(၈) ကွက်စိပ်ပြိုင်ပွဲ
(ကက) ဝါသနာရှင်(ပထမတန်း)အဆင့်(အမျိုးသား)၊ မဟောသဓာဇာတ်၊
(ခခ) ဝါသနာရှင်(ဒုတိယတန်း)အဆင့်(အမျိုးသား)၊ ကေဒါရကျေးမင်းဇာတ်။
(ဂ) အရေးပြိုင်ပွဲ
(၁) ဝါသနာရှင်(ပထမတန်း)အဆင့်(အမျိုးသား/အမျိုးသမီး)
(၂) ဝါသနာရှင်(ဒုတိယတန်း)အဆင့် (အမျိုးသား/အမျိုးသမီး)
(၃) အဆင့်မြင့်ပညာအဆင့် (အမျိုးသား/အမျိုးသမီး)
(၄) အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့် (အမျိုးသား/
အမျိုးသမီး)
(ဃ) အတီးပြိုင်ပွဲ
(၁) စောင်း – တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၂) စန္ဒရား – တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၃) ပတ္တလား – တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၄) တယော – တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၅) မယ်ဒလင် – တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၆) ဂီတာ – တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၇) ဒုံမင်း – တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
(၈) ဆိုင်းတစ်ဦးချင်း – တစ်ဦးချင်း(အမျိုးသား၊ အမျိုးသမီး)
၃
(၉) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် – အဖွဲ့လိုက်(အမျိုးသား-၈ဦး၊ အမျိုးသမီး-၈ဦး)
(၁၀) နှဲ – တစ်ဦးချင်း(အမျိုးသား)
(၁၁) ပလွေ – တစ်ဦးချင်း(အမျိုးသား)
(၁၂) အိုးစည် – အဖွဲ့လိုက်(အမျိုးသား – ၅ ဦး)
(၁၃) ဒိုးပတ် – အဖွဲ့လိုက်(အမျိုးသား – ၆ ဦး)
မှတ်ချက်။ အိုးစည်ပြိုင်ပွဲနှင့်ဒိုးပတ်ပြိုင်ပွဲများတွင် ဝါသနာရှင်(ပထမတန်း)အဆင့်၊
ဝါသနာရှင်(ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်နှင့်အခြေခံ ပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်တို့ ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ကျန်အတီးပြိုင်ပွဲများတွင် အဆင့်အားလုံးယှဉ်ပြိုင်ရန်။
၃။ ၂၀၂၂ ခုနှစ်၊(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆင့်အလိုက် ယှဉ်ပြိုင်ရန်သတ်မှတ်ထားသော ဘာသာရပ်များအနက် ဘာသာရပ်တစ်ခုတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်တစ်ဦး/တစ်ဖွဲ့သာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။