တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဝါတွင်းကာလ ဥပုသ်သီလခံယူပွဲနှင့် တရားနာယူခြင်း

                    အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဗုဒ္ဓဘာသာအသင်းသည် ရန်ကုန် တက္ကသိုလ်၊ သမဝါယမတက္ကသိုလ်(သန်လျင်)တို့၏ ဗုဒ္ဓဘာသာအသင်းတို့နှင့်ပူးပေါင်း၍ ဝါတွင်းကာလ ဥပုသ်သီလခံယူပွဲနှင့် တရားနာယူခြင်း အလှူတော် ကို ၂-၉-၂၀၂၂ (သောကြာနေ့) နံနက် ၀၇:၃၀ နာရီတွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဌာနမှူး(စာပေ) ဦးဆောင်၍ စာကြည့်တိုက်မှူး၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၄)ဦးတို့သည် ဝတ်ရွတ်ပူဇော်ခြင်း၊ ဆရာတော်အား  နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဥပုသ်သီလခံယူဆောက် တည်ပြီး တရားတော်နာယူခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.