ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (ဗဟို)တို့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးရန်ကုန်မြို့၊ စက်တင်ဘာလ ၁၀ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် (၁၀)နာရီက ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တွင် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ကို (၁၉၅၀)ပြည့်နှစ်မှစ၍ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပါကြောင်း၊  မြန်မာ့ ပြက္ခဒိန်၏ထူးခြားမှုမှာ နိုင်ငံသားအများစု ကိုးကွယ်ယုံကြည်သက်ဝင်သော ဗုဒ္ဓသာသနာနှင့်  ဆက်စပ်နေခြင်းဖြစ်၍ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များ၏ ဝိနည်းသိက္ခာပုဒ်တစ်ခု ဖြစ်သည့် ဝါဆို ဝါကပ်ခြင်း၊ ဗုဒ္ဓဘာသာဝင်များ၏ လပြည့်လကွယ် ဥပုသ်သီတင်းသီလ ဆောက်တည်ကြခြင်း တို့ကြောင့် ဝါထပ် ရက်ငင်ပြုခြင်း၊ ဝါကြီးထပ် ဝါငယ်ထပ်ခြင်းများသည် မြန်မာပြက္ခဒိန်ရေးဆွဲမှုနှင့် ဆက်စပ်သက်ဆိုင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာပြက္ခဒိန် ရေးဆွဲရေးစနစ်သည် နိုင်ငံသား အားလုံးအတွက် အရေးကြီးပါကြောင်း၊ ၂၀၂၂ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၀) ကြိမ်မြောက်မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာ့ပြက္ခဒိန် ပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ရေးကို ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ၂၀၂၂ ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ‘‘နက်နဲသည့် ပညာရပ် ဖြစ်သောကြောင့် ကျောင်းဝင်ခွင့် အရည်အချင်း စစ်ဆေး ခြင်းမှစ၍ လေးလေးနက်နက် ဆောင်ရွက်ရန်” လမ်းညွှန်မှုပြုခဲ့သည့် အတွက် သင်တန်းကာလကို တစ်နှစ်မှ တစ်နှစ်ခွဲတိုးချဲ့ သတ်မှတ်နိုင်ရေး၊ နက်နဲသည့် ပညာရပ်ဖြစ်သည်အတွက် ရေးဖြေ နှုတ်ဖြေအပါအဝင် ဝင်ခွင့် အရည်အချင်း သတ်မှတ်နိုင်ရေး၊ အရည်အသွေးပြည့်ဝပြီး အာမခံချက်ပေးနိုင်သည့် သင်ရိုးညွှန်း တမ်းများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊  ဘွဲ့ယူစာတမ်းများ ရေးသားပြုစု၍ စစ်ဆေးနိုင်ရေး၊ အစရှိသည် တို့ကို ဆွေးနွေးဆောင်ရွက်ရန် အတွက် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း နက်နဲသည့်ပညာရပ်ဖြစ်ပြီး     ရိုးရာ အမွေအနှစ်ဖြစ်၍ မပျောက်ပျက်သွားရန်      အရေးကြီးပါကြောင်း တက်ရောက်လာကြသည့် ပညာရှင်များအနေဖြင့် ဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေး ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)  ပါမောက္ခချုပ်က ဘာသာရပ်အလိုက်  သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်းစာအုပ်များ ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင် သဒ္ဓမ္မဇောတိကဓဇ ဦးရန်နိုင်သိန်းက  နှစ်အလိုက်သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ပါဝင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ ဦးပညိန္ဒက လိုအပ်သည်များကို ပြန်လည်မိန့်ကြားခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို သည် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊  ရန်ကုန်ရုံးခွဲအစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)နာယကကြီးများပါဝင်သော အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

           တွေ့ဆုံပွဲတွင်  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသို့ ကြွရောက်လာပါသော သဘာပတိကြီးများ နှင့် ပန်းချီပန်းပုအစည်းအရုံး(ဗဟို)ယာယီအမှုဆောင်အဖွဲ့များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်ပါကြောင်း၊ ဝါရင့်ပန်းချီပညာရှင်ကြီးများလည်းကျန်းမာကြပါစေလို့လည်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) အမှုဆောင်သက်တမ်း ကုန်ဆုံးပြီးဖြစ်၍ Covid-19 ရောဂါ ကန့်သတ်ချက်အရ သင်းလုံးကျွတ်ညီလာခံခေါ်ယူရန် အခက်အခဲရှိသောကြောင့် မျက်နှာစုံညီ အစည်းအဝေးကျင်းပကာ အမှုဆောင်အသစ်ပြန်လည် ရွေးချယ်ရန်လိုအပ်ပါကြောင်း၊ အမှုဆောင်ပြန်လည်ရွေးချယ်ရာတွင် ဝါရင့်၊ သဘာရင့် နာယကကြီးများ၏ အကြံဉာဏ် ကိုရယူလို၍    ယခုအစည်းအဝေးသို့ ဖိတ်ကြားရခြင်းဖြစ်ပါ ကြောင်း၊   ယခင်နှစ် ကိုဗစ်-၁၉   ကူးဆက်မှု မြင့်တင်သည့် ကာလအတွင်း     မိမိတို့ဝန်ကြီး ဌာနက   အစည်းအရုံးသို့    ထောက်ပံ့ငွေသိန်း(၃၀၀)    ကူညီပံ့ပိုးပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည်များကို တတ်နိုင်သမျှကူညီပံ့ပိုး ပေးနိုင်ရန်နှင့် အခက်အခဲကို  ကူညီဖြေရှင်း ပေးနိုင်ရန်အတွက် ယာယီအမှုဆောင်မှ အမြဲတန်း အမှုဆောင်ဖြစ်စေရေး အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ရန် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း ဦးစွာပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို) နာယကကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၏ အသင်းအဖွဲ့များ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်း/သက်တမ်းတိုး လျှောက်ထားခြင်း၊ ပန်းချီပန်းပုအစည်းအရုံး တိုးတက်စေရေးအတွက် ပြပွဲကျင်းပခြင်းပန်းချီပန်းပုပညာရှင် များသာမက ပန်းဆယ်မျိုးပညာရှင်များပါဝင်သော အလွှာစုံရွေးချယ်ဖွဲ့စည်းခြင်းစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

          ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်း အရုံး(ဗဟို)နာယကကြီးများ၊ ယာယီဥက္ကဋ္ဌ/နိုင်ငံတကာဆက်ဆံရေးမှူး ဒုတိယဥက္ကဋ္ဌနှင့်တာဝန် ရှိသူများက ပန်းချီပန်းပုအစည်းအရုံး(ဗဟို)နှင့် ပတ်သက်၍ လိုအပ်သည်များကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။