ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့လာရောက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ရန်ကုန်မြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) သို့ ၁၇-၉-၂၀၂၂ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီတွင် လာရောက်၍ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်းအတွင်း၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့ အတွက် ဆောင်ရွက်နေကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးစာတန်းပါ တီရှပ်များအား ပေးဝေခဲ့ပါသည်။      

          ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက တက္ကသိုလ်ဝင်းအတွင်း၌ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တက္ကသိုလ်မှ ဝန်ထမ်းများစုပေါင်း၍ တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ဆောင်ရွက်နေမှုများ၊ ခြင်အန္တရာယ် ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများက ခြင်ဆေးဖျန်းခြင်း‌ ဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြသ ခဲ့ပါသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် စာသင်ဆောင်များ၊ ကျောင်းသားအိပ်ဆောင်များ၊ တက္ကသိုလ်ဘောလုံးကွင်း၊ တက္ကသိုလ်ဓမ္မာရုံအဝင် လမ်းနှင့် တက္ကသိုလ်ဓမ္မာရုံတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန် ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးပြီး နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.