The 3rd Yangpyeong Healing Film Festival, 2022 ဆု လွှဲပြောင်းပေးအပ်ခြင်းနှင့် စကားဝိုင်းဆွေးနွေးပွဲ (Pannel discussion) ကျင်းပခြင်း

          တောင်ကိုရီးယားနိုင်ငံ၊ယန်းဖြောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော The 3rd Yangpyeong Healing Film Festival 2022 တွင် မြန်မာနိုင်ငံမှ ဝင်ရောက်ပြသသည့် “Reflection” ဇာတ်လမ်းတိုဖြင့် အကောင်းဆုံးဒါရိုက်တာဆု ရရှိသူ ဒါရိုက်တာ ရောဘတ်ဝင်းထိန်နှင့် အကောင်းဆုံးသရုပ်ဆောင်ဆု ဆွတ်ခူးရရှိခဲ့သူ သရုပ်ဆောင် ဖြူသဲဦးတို့အား ဂုဏ်ပြုဆုပြန်လည်လွှဲပြောင်းပေးအပ်ခြင်းနှင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းစကားဝိုင်းဆွေးနွေးပွဲ (Pannel discussion)ကို ၂၀-၉-၂၀၂၂ ရက်နေ့၊ ၁၃:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခ/ဌာနမှူးများ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ICICLE Group of Companies (War Horse) မှ C.E.O နှင့် တာဝန်ရှိသူများ၊ Filmpark Pictures Company ၏ Chairman ဒေါ်ဂရေ့စ်ဆွေဇင်ထိုက် နှင့် ဆုရရှိသူ အနုပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.