၂၇.၉.၂၀၂၂ နေပြည်တော်
၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ ကမ္ဘောဒီးယားနိုင်ငံ၊ ဟနွိုင်းမြို့၌ (၂၈) ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးအဆင့်အစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်း အဝေးတွင် အချက်အလက်စုံလင်စွာဖြင့် ဆွေးနွေးနိုင်ရေး ရည်ရွယ်၍ အာဆီယံ လူမှုရေး- ယဉ်ကျေးမှု အသိုက် အဝန်းမဏ္ဍိုင် Working Group ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၇.၉.၂၀၂၂ ရက်နေ့၌ ရုံးအမှတ် (၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဦးအောင်မြင့် ဦးဆောင်၍ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ASCC ရုံးအဖွဲ့ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အနေဖြင့် (၄၀) ကြိမ်မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ တင်သွင်းမည့် Adoption ပြုလုပ်မည့် Outcome document ၁၁ ခု၊ Notation ပြုလုပ်မည့် Outcome document ၂၁ ခုတို့နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့ကြ ပါကြောင်းသတင်း ရရှိပါသည်။