နည်းပြ(တိုင်းရင်းသားဂီတ)( ကရင်၊ မွန်၊ ရခိုင် )နှင့် နည်းပြ(တိုင်းရင်းသားအက) ( ကရင်၊ မွန်၊ ရခိုင် ) ရာထူးနေရာများခေါ်ယူခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

အနုပညာဌာနခွဲ(ဂီတ၊ သဘင်)တွင် တာဝန်ထမ်းဆောင်ရန်

နည်းပြ(တိုင်းရင်းသားဂီတ)( ကရင်၊ မွန်၊ ရခိုင် )နှင့်

နည်းပြ(တိုင်းရင်းသားအက) ( ကရင်၊ မွန်၊ ရခိုင် ) ရာထူးနေရာများခေါ်ယူခြင်း

၁။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင်အနုပညာတက္ကသိုလ် (ရန်ကုန်)ရှိ အနုပညာဌာနခွဲ(ဂီတ)နှင့် အနုပညာဌာနခွဲ(သဘင်)တို့တွင် တာဝန်ထမ်းဆောင်ရန် နည်းပြ(တိုင်းရင်းသား ဂီတ) ( ကရင်၊ မွန်၊ ရခိုင် )နှင့် နည်းပြ(တိုင်းရင်းသား အက)( ကရင်၊ မွန်၊ ရခိုင် ) ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို အောက်ဖော်ပြပါ အရေအတွက် အတိုင်း ရေွးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည် –

          စဉ်                         ရာထူး                                  လစာနှုန်း             ရာထူးနေရာ

          (က)    နည်းပြ(တိုင်းရင်းသားဂီတ-ကရင်)    ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ          ၂ နေရာ

          (ခ)     နည်းပြ(တိုင်းရင်းသားဂီတ-မွန်)        ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ          ၂ နေရာ

          (ဂ)    နည်းပြ(တိုင်းရင်းသားဂီတ-ရခိုင်)      ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ          ၂ နေရာ

          (ဃ)    နည်းပြ(တိုင်းရင်းသားအက-ကရင်)   ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ          ၂ နေရာ

          (င)    နည်းပြ(တိုင်းရင်းသားအက-မွန်)       ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ          ၂ နေရာ

          (စ)     နည်းပြ(တိုင်းရင်းသားအက-ရခိုင်)     ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ          ၂ နေရာ

၂။         နည်းပြ(တိုင်းရင်းသား)ရာထူးနေရာများအတွက် အောက်ဖော်ပြပါ အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် –

(က)    အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခု (သို့မဟုတ်) ဘွဲ့လွန်အနုပညာ

          ဒီပလိုမာဘွဲ့ (ဂီတ၊သဘင်)ရရှိရမည်။

 (ခ)   အသက်(၃၅)နှစ်ထက်မကျော်ရ(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့အထိ)၊ (နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျော့ပေါ့စဉ်းစားမည်)

 (ဂ)   အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

 (ဃ)   တိုင်းရင်းသား၊ တိုင်းရင်းသူများဖြစ်ရမည်။ သက်ဆိုင်ရာတိုင်းရင်းသားမျိုးနွယ်စုများ ၏ တိုင်းရင်းသားရိုးရာ ဂီတ၊ အက ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးနိုင်သူဖြစ်ရမည်။

  (င)  တိုင်းရင်းသားရိုးရာ ဂီတ၊ အက ဘာသာရပ်များ ကျွမ်းကျင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်နယ်ယဉ်ကျေးမှုအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့က ထောက်ခံသူ ဖြစ်ရမည်။

၃။      လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ စာရွက်စာတမ်း အထောက်အထား မူရင်း များဖြင့် လူကိုယ်တိုင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စီမံရေးရာဌာနခွဲ

ရုံးခန်းသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရုံးချိန်အတွင်း လာရောက် လျှောက်ထားရမည် ဖြစ်ပါသည် –

          (က)    CV Form (၆ လ အတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ ၂ ပုံ)

          (ခ)   နိုင်ငံသားစိစစ်ရေးကတ် / ဝန်ထမ်းကတ်(မိတ္တူ)

          (ဂ)    အခြေခံပညာအထက်တန်းအောင်လက်မှတ်(မိတ္တူ)

(ဃ)    ဘွဲ့လက်မှတ်၊ အမှတ်စာရင်း(မိတ္တူ)

(င)    မိမိနေထိုင်ရာဒေသမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲစခန်းတို့မှ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)

(စ)     ဝန်ထမ်းဖြစ်ပါက ဌာနအကြီးအကဲ၏ ထောက်ခံချက်(မူရင်း)

(ဆ)    တိုင်းရင်းသားဂီတ၊ တိုင်းရင်းသားအကများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ခဲ့ဖူးသော ပညာရပ်ဆိုင်ရာ ဖော်ပြချက်နှင့်အထောက်အထားများ။

၄။      ရေးဖြေစစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ စစ်ဆေးသွားမည် ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများအား လူတွေ့၊လက်တွေ့ စစ်ဆေးမည့် အစီအစဉ်ကို အချိန်မီ ထပ်မံအကြောင်းကြားသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဖုန်း၊ ၀၁၃၅၉၀၂၆၃၊ ၀၁၃၅၉၀၂၅၇ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

Be the first to comment

Leave a Reply

Your email address will not be published.