ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ (၇/ ၂၀၂၂) အခမ်းအနားကျင်းပပြုလုပ်

ပုဂံဌာနခွဲ (၂၉.၉.၂၀၂၂)

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ (၇/၂၀၂၂) အခမ်းအနားကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် (၂၉.၉.၂၀၂၂) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင်များ၊ စာတမ်းရှင်များ၊ အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး နယ်ဌာနခွဲများမှ စိတ်ပါဝင်စားသူများက Online ဖြင့် တက်ရောက်ခဲ့ကြသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ (၇/၂၀၂၂) အခမ်းအနား၌ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ယနေ့ပုဂံဌာနခွဲတွင် ကျင်းပသည့် ဌာနတွင်းစာတမ်းဖတ်ပွဲမှာ (၇)ကြိမ် မြောက်ရှိပြီး စုစုပေါင်း စာတမ်း(၂၅)စောင် ဖတ်ကြားနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ သုတေသနအရည်အသွေး မြင့်မားစေရန်၊ ဆက်လက်လေ့လာနိုင်ရန် ရည်ရွယ်၍ စာတမ်းဖတ်ပွဲများ လစဉ်အဆက်မပြတ် ကျင်းပပြုလုပ်ခြင်းဖြစ်၍ ကြိုးစားအားထုတ်မှု များကို လျော့ကျမှုမရှိစေရေး ထိန်းသိမ်းထားရမည် ဖြစ်ပါကြောင်း၊  ဌာန ညွှန်ကြားရေးမှူးချုပ် အနေနှင့်လည်း ဝန်ထမ်းများ အရည်အသွေးတိုးတက်စေရေး နိုင်ငံတကာမှ ဖွင့်လှစ်သည့် သင်တန်းများသို့ ဌာနဝန်ထမ်းများ စေလွှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ပေးနေပါကြောင်း၊            ဌာနဝန်ထမ်းများအနေဖြင့် မိမိတို့အရည်အသွေး မြင့်မားလာစေရေး ကိုယ်တိုင်နိုင်ငံခြား ပညာတော်သင်များသို့ တက်ရောက်၍ ကြိုးစားအားထုတ်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီဝင်(ဒေသခံ) များဖြစ်သည့် ဦးသန်းဌေး၊ ဦးခင်မောင်ထွေးနှင့် ဦးဇော်ဝင်းချို  တို့က ဆောင်ရွက်ပေးခဲ့ပြီး ဒု-ဦးစီးမှူး ဦးခင်ဇော်က “ပုဂံခေတ်  ထူခြားရှားပါးသော  သီဟိုဠ်ပုံစေတီပုထိုးများ လေ့လာချက်” စာတမ်းကိုလည်းကောင်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးရဲသွင်အောင်က “ပြဿဒ်ကြီးဘုရား၏ ဗိသုကာတည်ဆောက်ပုံနှင့် ပြုပြင်ထိန်းသိမ်းခြင်း” စာတမ်း ကိုလည်းကောင်း၊ သုတေသနလက်ထောက်-၃ ဒေါ်စိုးငွေရည်က “ပုဂံခေတ် ဘုန်းတော်ကြီးကျောင်း များ၏ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အား လေ့လာချက်” စာတမ်းကိုလည်းကောင်း ဖတ်ကြားခဲ့ကြပြီး စာတမ်းဖတ်ပွဲ အခမ်းအနားကို (၁၂:၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.