(၃၃) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးကျင်းပပြီးစီး

.၁၀.၂၀၂၂                                                                                              နေပြည်တော်

           ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ (၃၃)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးအား (၅.၁၀.၂၀၂၂) ရက်နေ့ နံနက် မြန်မာစံတော်ချိန် (၀၈:၃ဝ) နာရီတွင် Online စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

           အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) ဦးဆောင်၍ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

          (၃၃)ကြိမ်မြောက် အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီး H.E. Dr. Dy Khamboly  က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုစီးပွားရေးကို ပံ့ပိုးရန် တီထွင်ဖန်တီးမှု နှင့် လိုက်လျောညီထွေရှိသော အာဆီယံအသိုက်အဝန်းကို မြှင့်တင်ခြင်း ဆိုင်ရာ Siem Reap ကြေညာချက် ၊ ရေရှည်တည်တံ့ခိုင်မြဲသော၊ အားလုံးပါဝင်ပြီး ကြံ့ကြံ့ခံ နိုင်သော အနာဂတ်ကို တည်ဆောက်ခြင်းဆိုင်ရာ အာဆီယံကြေညာစာတမ်း၊ အာဆီယံတွင် စွန့်ဦးတီထွင်မှုကို ဘောင်ခတ်ထားခြင်းမရှိဘဲ အမျိုးသမီးများပါဝင်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အာဆီယံဒေသဆိုင်ရာ စီမံချက်၊ ပညာရေးကဏ္ဍ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်းဆိုင်ရာ အာဆီယံနိုင်ငံများအတွက် လမ်းညွှန်ချက်များ၊ အာဆီယံအမျိုးသမီးများနှင့် ကလေးသူငယ်အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး အာဆီယံ ကော်မရှင် (ACWC) လုပ်ငန်းစီမံချက် ၂၀၂၁ -၂၀၂၅ တို့ကို ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက (၁၈) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်း ပူးပေါင်းညှိနှိုင်းမှု ကွန်ဖရင့်မှ ထွက်ပေါ်လာသော ရလဒ်များကို တင်ပြခဲ့ပြီး ASEAN Comprehensive Recovery Framework (ACRF) နှင့် ၎င်း၏ အကောင် အထည်ဖော်ရေး အစီအစဉ်၊  စတုတ္ထမြောက်စက်မှုတော်လှန်ရေးတွင် စုစည်းထားသော မဟာဗျူဟာ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းမဏ္ဍိုင် Circular Economy အတွက် မူဘောင် ၊ တီမောလက်စတေ နိုင်ငံမှ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး လျှောက်ထားလာမှု၊ ASEAN Enabling Master plan 2025 – မသန်စွမ်းသူများ၏ အခွင့်အရေးကို ဦးစားပေးခြင်း၊ အာဆီယံ သုတေသန နှင့် ဖွံ့ဖြိုးမှုစင်္ကြံများ ၊ ဘေးအန္တရာယ်ဆိုင်ရာ အာဆီယံ ရန်ပုံငွေ ASEAN Aid တစ်ရပ် ထူထောင်နိုင်ရေး၊ မူဝါဒလေ့လာရေးရာ အကြံပြု အာဆီယံအဖွဲ့အစည်းတစ်ရပ် ထူထောင်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာမှု နှင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအမြဲ တမ်းကိုယ်စားလှယ်များ အဖွဲ့ရုံးအသီးသီးတွင် Secondment Officer အရာထမ်းများအား တွဲဖက်ခန့်အပ်နိုင် ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ၊ အဆင့်မြင့်အရာရှိကြီး   H.E.  Dr.  Dy Khamboly က  (၂၈)  ကြိမ်မြောက်  အာဆီယံ  လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တင်သွင်းမည့် အစီရင်ခံစာကို ဆွေးနွေးခဲ့ပြီး (၄၀) ကြိမ် မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ တင်သွင်းမည့် မှတ်တမ်း မှတ်ရာ  (၁၁) ခုကို အတည်ပြုရန်အတွက် လည်းကောင်း၊ မှတ်တမ်းတင်မည့် မှတ်တမ်းမှတ်ရာ (၂၀) ခု  တို့၏ အခြေအနေများ၊ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး နေ့လယ် ၁၂:၂၀ နာရီတွင် အစည်း အဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.