ဌာနတွင်း သုတေသနစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရှိ ဝန်ထမ်းများအတွက် လုပ်ငန်းအရည်အချင်းတိုးတက်လာစေရန်၊ သုတေသန အကြောင်းအရာများကို ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့် တိုးပွားစေရန်၊ ဝန်ထမ်းတစ်ဦး အနေဖြင့် မိမိဆောင်ရွက်နေသည့် သုတေသနဆိုင်ရာလုပ်ငန်းကို အခြားဝန်ထမ်းများ သိရှိစေရေး အတွေ့အကြုံများမျှဝေပေးရန်နှင့် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော သုတေသန စာတမ်းဖတ်ပွဲ အတွက် သင့်လျော်သည့် စာတမ်းများပေါ်ထွက်လာစေရန် ရည်ရွယ်လျက် ဌာနတွင်း သုတေသန စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်ဌာနခွဲ၌ ယနေ့ (၂၁.၁၀.၂၀၂၂) ရက်နေ့၊ နံနက်တွင် ကျင်းပလုပ်ခဲ့ရာ ရန်ကုန်ဌာနခွဲမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်နေရီရီက “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုလိုနီခေတ်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များ”အကြောင်းကို တင်ပြဆွေးနွေးပြီး၊ ညှိနှိုင်းဆွေးနွေးသူများအဖြစ် ဦးညွန့်ဟန် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)၊ ဦးစိန်ဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်-ငြိမ်း)နှင့် ရန်ကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်တို့က ဆောင်ရွက်ခဲ့ကြပါသည်။ ဌာနတွင်း သုတေသနစကားဝိုင်းဆွေးနွေးပွဲသို့ သုတေသနဝန်ထမ်း(၁၈)ဦး တက်ရောက် ကြပြီး၊ ဆွေးနွေးတင်ပြမှုအပေါ် တက်ရောက်လာသည့် သုတေသနဝန်ထမ်းများက သိရှိလိုသည် များကို မေးမြန်းမှုများအား သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ပြန်လည်ဆွေးနွေးပြီး ဌာနတွင်း သုတေသန စကားဝိုင်းဆွေးနွေးပွဲကို နေ့လည် (၁၁:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.