နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)က ၂၃-၁၁-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သင်ကြား/စီမံ ဆရာတော်များနှင့် သင်တန်းသားသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးစီး၍  ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ဌာနမှူးများ၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ရှေးဟောင်းသုတေသနဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ စာကြည့်တိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.