အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို(ပထမ)နှစ် (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်) ပုံမှန်သင်တန်းများကို ၃-၁၁-၂၀၂၂ ရက်နေ့တွင် ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၉၄)ဦးတက်ရောက်လျက် ရှိပါသည်။
ထို့အပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝက်၊ ဘွဲ့ကြိုတန်း (ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်) (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်) သင်တန်းများကို ၂၃-၁၁-၂၀၂၂ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ရာ (၄၉)ဦး ကျောင်းအပ်နှံခဲ့ပြီး တက်ရောက်လျက်ရှိပါသည်။