(၂၅)ကြိမ်မြောက်ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲအခမ်းအနား

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏  ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်၌ ဘွဲ့ကြိုတန်း စတုတ္ထနှစ် (၂၁)ဦး၊ မဟာဝိဇ္ဇာ(ဒုတိယနှစ်) (၁၇)ဦးနှင့်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ဘွဲ့ကြိုတန်း စတုတ္ထနှစ် (၃၁)ဦး၊ မဟာဝိဇ္ဇာ(ဒုတိယနှစ်) (၂၁)ဦး၊ စုစုပေါင်း (၉၀)ဦးတို့၏ (၂၅)ကြိမ်မြောက်ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲအခမ်းအနားကို ၂.၁၂.၂၀၂၂ ရက် (သောကြာနေ့)၌ MCC ခန်းမ၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

          အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီ အဖွဲ့ဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာရေးအဖွဲ့ဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ဆရာ၊ဆရာမများ၊ ဌာနအလိုက်ဖိတ်ကြားထားသည့် ပြင်ပ ပညာရှင်များ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ စုစုပေါင်း (၄၉၀)ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

          အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရုပ်သံဖိုင် ပေးပို့၍ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကားပြောကြားခြင်း၊ ၎င်းနောက် ဂီတပညာဌာနမှ “ထိန်းသိမ်းစဉ်လာဆိုင်းမဟာ”၊ သဘင်ပညာဌာနမှ “နတ်သမိုင်း အကေျာ် တလိုင်းမယ်တော်”၊   ဂီတပညာဌာနမှ “နန်းသုံးတော်ဝင် တေးသံလွင်”၊ သဘင်ပညာဌာနမှ “ကကြိုးစုံစွာ ပတ်မဆစ်တစ်ရာ”၊ ဂီတပညာဌာနမှ “ရသစုံလင် တေးဉယျာဉ်”၊ သဘင်ပညာဌာနမှ “ချစ်ကြည်နူးစွာရွှေဖူးစာ” (ရုပ်သေးဖျော်‌ဖြေတင်ဆက်မှု)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ “လက်ဆင့် ကမ်းဝေ ရုပ်ရှင်အမွေ”နှင့် “အိပ်မက်”ရုပ်ရှင်ဇာတ်ကား၊ သဘင်ပညာဌာနမှ “ကုန်းဘောင် ခေတ်ဆန်းစာဆိုပန်း” (အကဇာတ်)၊ ဂီတပညာဌာနမှ “ထိန်းသိမ်း ဆင့်ကမ်း အနုပညာပန်း” စသည့် အစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြပြီး ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ “မပေးဖြစ်သောစာတစ်စောင်”နှင့် “ပုံရိပ်အလွန်” ရုပ်ရှင်ဇာတ်ကား(၂)ကိုလည်း တင်ဆက်ပြသခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင်      ပန်းချီပညာဌာနမှ ဘွဲ့ကြိုတန်းနှင့် မဟာဝိဇ္ဇာ(ဒုတိယနှစ်) ကျောင်းသား၊ကျောင်းသူများရေးဆွဲသည့် ပန်းချီကား(၁၉)ကားနှင့် ပန်းပုပညာဌာနမှ ဘွဲ့ကြိုတန်းနှင့် မဟာဝိဇ္ဇာ(ဒုတိယနှစ်) ကျောင်းသား၊ကျောင်းသူများ ထုလုပ်သည့် ပန်းပုရုပ်တု (၉)ရုပ်တို့ကို ခင်းကျင်းပြသခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.