မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ထပ်မံလှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍ ရှေးဟောင်းအဆောက်အအုံများထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည့်သတင်း


မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် မန္တလေးမြေငလျင်စခန်း၏တောင်ဘက် ၉ မိုင်ခန့်အကွာ ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျစတာစကေး ၃.၆ အဆင့်ရှိ မြေငလျင်တစ်ခု၊ နေ့လယ် ၀၁ နာရီ ၂၉ မိနစ် တွင် မန္တလေးမြေငလျင်စခန်း၏တောင်ဘက် ၁၁ မိုင်ခန့်အကွာ မြစ်ငယ်မြို့၏ အရှေ့ဘက် ၃ မိုင်ခန့် အကွာ၊ အနက် ၃ ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်ခ်ျစတာစကေး ၃.၃ အဆင့်ရှိ မြေငလျင် တစ်ခုနှင့် နေ့လယ် ၀၂ နာရီ ၂၈ မိနစ်အချိန်ခန့်က မန္တလေးမြေငလျင်စခန်း၏ အနောက် တောင်ဘက် ၁၁ မိုင်ခန့်အကွာ အမရပူရမြို့ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ အနက် ၉ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျစတာစကေး ၄.၈ အဆင့်ရှိ မြေငလျင်တစ်ခု စုစုပေါင်း (၃) ကြိမ် လှုပ်ခတ်ခဲ့ပါသည်။
ထိုသို့ လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး အင်းဝယဉ်ကျေးမှုဒေသ၊ ဒေါ်ဂျမ်းဘုရားစုအတွင်းမှ ဘုရားများအနည်းငယ် ထိခိုက်မှုဖြစ်ခဲ့ကြောင်း ထပ်မံသတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.