အမျိုးသားဇာတ်ရုံ(ရန်ကုန်)လွှဲပြောင်းလက်ခံခြင်းအခမ်းအနား ကျင်းပ နေပြည်တော် ဒီဇင်ဘာ  ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင်လျက်ရှိရာ ပြီးမြောက်ပြီဖြစ်ပါ၍ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ၂၇.၁၂.၂၀၂၂ ရက်နေ့၊ နံနက် ၀၉၀၀ နာရီတွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီးဦးအောင်ဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးဝန်ထမ်းများ၊ Beijing Construction Engineering Group Co.,Ltd မှ အင်ဂျင်နီယာများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အမျိုးသားဇာတ်ရုံ(ရန်ကုန်) လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို  နံနက် ၀၉၀၀ နာရီ အချိန်တွင် ဇာတ်ရုံ Lobby ရှေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai၊ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသံမှူး Mr. Tan Shu Fu တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။

           ဆက်လက်၍ အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြင်ဆင်မွမ်းမံမှုအဆင့်ဆင့်မှတ်တမ်း Video ကို Auditorium Room ရှိ LED Board တွင် Video Clip ဖြင့် ပြသခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai က ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့ပါသည်။

          ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai က အမျိုးသား ဇာတ်ရုံ(ရန်ကုန်) ပြင်ဆင်ပြီးစီးမှုဆိုင်ရာ အထောက်အထားများအား လွှဲပြောင်းပေးအပ်ခဲ့ခြင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

         ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ကျေးဇူးတင်စကားပြောကြားရာတွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်)ကို အကြီးစားပြင်ဆင်မှု အတွက် လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀ (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်းတိတိ) ကုန်ကျ ခဲ့ပါကြောင်း သိရှိရပါသည်။ အကြီးစားပြင်ဆင်မွမ်းမံတယ်ဆိုပေမယ့် အသစ်တည်ဆောက် ပေးသကဲ့သို့ ဇာတ်ရုံအင်္ဂါရပ်များ         ခေတ်မီစွာထည့်သွင်းပေးထားတာကို တွေ့မြင်ရပါသည်။                           အမျိုးသားဇာတ်ရုံရှိ ဝန်ထမ်းများကို လိုအပ်သောသင်တန်းများ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရှိရပါသည်။ ဒါကြောင့်        မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်မိတ်ဆွေ ပြည်သူများ၏ စေတနာကို        အလေးထားမှတ်တမ်းတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

         အမျိုးသားဇာတ်ရုံကြီးကို ပြင်ဆင်မွမ်းမံတဲ့ကာလဟာ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုနှင့် ပြင်းထန်လာတဲ့ Covid-19       ကမ္ဘာ့ကပ်ရောဂါ တွေ့ကြုံရမှု အခက်အခဲ အန္တရာယ်တွေကို ဖြတ်သန်းလာခဲ့ရတဲ့ ကာလဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခိုင် ကျော်လွှားပြီး ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ချီတတ်နိုင်ခဲ့တဲ့ တရုတ်ပညာရှင်များ၏ ကြိုးစားလုံ့လရှိမှုကို   အထူးချီးကျူးပါကြောင်း။

         နောက် ၉ ရက်အတွင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးအခမ်းအနားကြီးကို စည်းကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါသည်။ ဒါကြောင့် ဒီနေ့ အမျိုးသားဇာတ်ရုံ(ရန်ကုန်) လွှဲပြောင်းလက်ခံခြင်းအခမ်းအနားဟာ စိန်ရတု လွတ်လပ်ရေး နေ့ကို  ဂုဏ်ပြုရာရောက်သည့်  အခမ်းအနားဖြစ်ပါကြောင်း ဒီအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပြည်သူများကို        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုယ်စား ကျေးဇူးအထူးတင်ရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai၊ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသံမှူး Mr. Tan Shu Fu နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Beijing Construction Engineering Group Co.,Ltd မှ Experts Mr.Wang Yongyue Mr. Zhau Jinming တို့က အမျိုးသားဇာတ်ရုံ၏ ဇာတ်ခုံပေါ်တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပြီး အမျိုးသားဇာတ်ရုံ(ရန်ကုန်)ပြင်ဆင် မွမ်းမံထားရှိမှုအား လှည့်လည်ကြည့်ရှုကာ နံနက် ၁၀၀၀ နာရီအချိန်တွင် လွှဲပြောင်းခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.