သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ

“မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၏ အရွေ့နှင့် သမိုင်းအမြင်” သုတေသနစာတမ်းဖတ်ပွဲ

ကျင်းပမည်ဖြစ်ကြောင်းအသိပေးကြေညာခြင်း

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းဖြစ်ပေါ်လာရေးတွင် အထောက် အကူဖြစ်စေရန်အတွက် “မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၏ အရွေ့နှင့် သမိုင်းအမြင်” ခေါင်းစဉ် ဖြင့် သုတေသနစာတမ်းဖတ်ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

          သို့ဖြစ်၍ သုတေသနစာတမ်းဖတ်ပွဲတွင် ပါဝင်ဖတ်ကြားလိုသူ စာတမ်းရှင်များအနေဖြင့် သုတေသနစာတမ်းအကျဉ်း (Abstract) ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ နောက်ဆုံးထား ၍လည်းကောင်း၊ စာတမ်းအပြည့်အစုံကို Hard Copy/ Soft Copy ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၅)၊ နေပြည်တော်၊ ဖုန်း ၀၆၇- ၃၄၀၈၃၈၄ (သို့မဟုတ်) အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင် ( C ) ၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၈၄၂၃ (သို့မဟုတ်) မြန်မာသမိုင်းအဖွဲ့၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၆၅၈၁၅၂နှင့် Email- khinthida6911@gmail.com ၊  khinekhinelay87@gmail.comdhrnlm17@gmail.com တို့သို့ ပေးပို့နိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.