သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီ(၁/၂၀၂၃) အစည်းအဝေးကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာ တက္ကသိုလ်များကောင်စီ(၁/၂၀၂၃) အစည်းအဝေးကို ဖေဖော်ဝါရီလ (၁၆)ရက် နံနက်(၁၀)နာရီတွင် အမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားယဉ်‌ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီ ဉက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကိုကို တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ အနုပညာဉီးစီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဉီးစီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဉီးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားယဉ်‌ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် (မန္တလေး)၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်ကောင်စီဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးတို့မှ ဉက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ပညာရေးမြှင့်တင်မှုကဏ္ဍမှာ ပြောင်းလဲလာတဲ့ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေမယ့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မြှင့်တင်မှုတွေကို ဆောင်ရွက်ရာမှာ အမျိုးသားပညာရေး မူဝါဒများ၊  အမျိုးသားပညာရေးရည်မှန်းချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ပညာရေးမူဝါဒများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပညာရေးမူဝါဒများ၊ ဥပဒေများနှင့် နည်းဥပဒေ များရေးဆွဲရာမှာကျွမ်းကျင်ပညာရှင်များ၊ ပညာရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ၊ ဆရာများကရွေးချယ်သော ကိုယ်စားလှယ်များနှင့် ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို ရယူ ဆောင်ရွက်ရေး၊ နိုင်ငံတကာပညာရေးအဆင့်ဖြစ်စေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြု ဆောင်ရွက်ရေး၊ လူမှုစီးပွားရေးဘဝတွင် လက်တွေ့အသုံးချနိုင်မည့် ပညာရေးစနစ် ဖြစ်ပေါ်လာနိုင်စေရေး၊ ကျောင်းများတွင် ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာစွက်ဖက်မှုများ ကင်းလွတ်စေရေး၊ ပညာရပ်နယ်ပယ်အားလုံးကို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေပြီး  နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများအတွက် ပညာရေးအသိုက်အဝန်း နှင့် ပညာရပ်နယ်ပယ်အသီးသီးတွင် အဆင့်အတန်းသတ်မှတ်၍ အရည်အသွေးအာမခံမှုရှိသော စနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်​ရေး စသည့်အချက်များကို လုပ်ငန်းလမ်းညွှန် အဖြစ်ထားရှိပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များရှိ ဌာနအားလုံးတွင် ကျောင်းသား၊ ကျောင်းသူများရဲ့ သင်ယူ တတ်မြောက်မှုများ သိသာ ထင်ရှားစွာတိုးတက်ရေးကို ဦးတည်သည့် ပိုမိုတိုးတက်ကောင်းမွန်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊ လေ့ကျင့် ရေးသုတေသနနှင့် ဆန်းသစ်တီထွင်မှုများဖြစ်လာစေရေးအစရှိတဲ့ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင် အောင်  ဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှပါဝင်ပါ ကြောင်း အဓိကကျသော ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့်ပညာရေးကဏ္ဍတွင် –

          (က)    သင်ကြားမှု သင်ယူမှုအရည်အသွေးမြင့်မားရေးအစီအစဉ်

            (ခ)   သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် သုတေသနစာတမ်းများရေးသားထုတ်ဝေရေးအစီအစဉ်

          (ဂ)   အင်္ဂလိပ်စာအရည်အသွေးမြင့်မားရေးအစီအစဉ်

            (ဃ)    စာကြည့်တိုက်ပိုမိုဖြည့်ဆည်းအသုံးပြုနိုင်ရေးအစီအစဉ်                

            (င)   Credit Transfer စနစ်တည်ထောင်ခြင်းအစီအစဉ်

            (စ)     တက္ကသိုလ်ဖွံ့ဖြိုးရေးအထွေထွေစီမံခန့်ခွဲမှုများ အစီအစဉ်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း

ယခုတက္ကသိုလ်များကောင်စီအစည်းအဝေးမှာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့်(မန္တလေး) တို့မှ ပညာရေးအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဂီတပညာဌာန နှင့် သဘင်ပညာဌာနတို့တွင် တိုင်းရင်းသားတို့၏ ရိုးရာ ဂီတနှင့် အကဘာသာရပ်များ ထည့်သွင်းသင်ကြားနိုင်ရန်နှင့် ထည့်သွင်းသင်ကြားမည့်သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများအားအတည်ပြုနိုင်ရေး၊ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့၊ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့နှင့်ဂုဏ်ထူးဆောင်  ပါရဂူဘွဲ့များ အပ်နှင်းချီးမြှင့်နိုင်ရေးစသည့်အမှာစာများတင်ပြထားသည်ကိုသိရှိရပါကြောင်း၊ တက္ကသိုလ်ကောင်စီဝင် များအနေဖြင့်တင်ပြထားရှိသော အမှာစာများကို လိုအပ်သောအကြံပြုချက်များ၊ အကြံဉာဏ်ကောင်းများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပေး ကြပါရန်လည်း  မေတ္တာရပ်ခံအပ်ပါကြောင်း

နိဂုံးချုပ်အနေဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်း ဖော်ထုတ်၊ တိုးတက် ပြန့်ပွားရေးနှင့် မြန်မာ့သုခုမ အနုပညာနယ်ပယ်တွင် ထူးချွန်သောအနုပညာရှင်များ ပေါ်ထွန်းစေရေး၊ ကိုယ်ကျင့်တရားကောင်းမွန်သော အနုပညာရှင်ကောင်းများ မွေးထုတ်ပေးရေးအစရှိတဲ့ ရည်မှန်းချက်များနှင့်အညီ တည်ထောင်ဖွင့်လှစ်လျက်ရှိသော အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များ ကောင်းမွန်စွာ တည်တံ့ခိုင်မြဲတိုးတက်စေရေးအတွက် အစည်း အဝေးတက်ရောက်လာကြသည့် ပုဂ္ဂိုလ်ကြီးများက အကြံဉာဏ်ကောင်း များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး) တို့မှ ပါမောက္ခချုပ်များက အမှာစာများ ဖတ်ကြားတင်သွင်းပြီး တက်ရောက်လာကြသည့် တက္ကသိုလ်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အမှာစာတင်ပြချက်များကို အကြံပြု ဆွေးနွေးကြသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီဉက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုက နိဂုံးချုပ် စကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၂:၀၀) နာရီတွင် ရုပ်သိမ်းလိုက်သည်။

Be the first to comment

Leave a Reply

Your email address will not be published.