ပြည်ထောင်စုဝန်ကြီး ဦးကိုကို (၇၈)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြု “ရွှေမြန်မာအငြိမ့်”အမှတ်စဉ်-၄ဝတ်စုံပြည့် အစမ်းလေ့ကျင့်ဇာတ်တိုက်နေမှုကို ကြည့်ရှုစစ်ဆေးနေပြည်တော် မတ်လ ၈ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နေ့လယ်(၁၅၃၀)နာရီအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ မြဝတီရုပ်မြင်သံကြား တပ်မှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးဇာတ်ရုံ၌ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသော “ရွှေမြန်မာအငြိမ့်” ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါ သည်။

ဝတ်စုံပြည့်လေ့ကျင့်ဇာတ်တိုက် တင်ဆက်ကပြမှုအပြီး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဇာတ်တော်ကြီးများ၊ တေးဂီတ ကဇာတ်များအပြင် “ရွှေမြန်မာအငြိမ့်” ဖျော်ဖြေတင်ဆက်မှုကို ၃ ကြိမ်မြောက်အထိ ရိုက်ကူး ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုရိုက်ကူးထုတ်လွှင့်ပြသမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသည့် “ရွှေမြန်မာအငြိမ့်”သည် အမှတ်-၄ ဖြစ်ပါကြောင်း၊ အနုပညာဦးစီးဌာနက ဖျော်ဖြေတင်ဆက်မှုများတွင် မျိုးဆက်သစ်အနုပညာရှင်များကို ထည့်သွင်းနေရာပေး၍ တင်ဆက် ကပြခဲ့ပါကြောင်း၊ ယခုဂုဏ်ပြုအငြိမ့်တွင်လည်း မျိုးဆက်သစ်အနုပညာရှင်များဖြစ်သော မင်းသမီး များကို ထည့်သွင်းတင်ဆက်ထားပါကြောင်း၊ မျိုးဆက်သစ်အနုပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်၍ ဖျော်ဖြေတင်ဆက်မှုများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပြီး တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများကလည်း လိုအပ်သည်များကို ဖြည့်စွက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက လေ့ကျင့်ဇာတ်တိုက်နေသော “ရွှေမြန်မာ” အငြိမ့်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ၃၀၀၀၀ဝိ/- (ကျပ် သုံးသိန်းတိတိ)ကို ပေးအပ်ခဲ့သည်။   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက (၇၈)နှစ်မြောက် တပ်မတော် နေ့ကို ဂုဏ်ပြုကြိုဆိုတင်ဆက်မည့် “ရွှေမြန်မာအငြိမ့်”အမှတ်စဉ်-၄တွင် ခေါင်းဆောင်မင်းသမီး စိုးသန္တာဝင်း၊ ရှေ့ထွက်မင်းသမီး သီရိမျိုးစံတို့နှင့်အတူ ဟာသလူရွှင်တော်များဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီနှင့် လမုန့်တို့က ပါဝင်တင်ဆက်ကြမည်ဖြစ်ပါသည်။ တေးသီချင်းများကို တေးရေး ချစ်စုအောင်က ရေးစပ်သီကုံးပြီး ဂီတမှူး သက်နိုင်(မန်း)နှင့် ရွာစား နိုင်လင်းဗိုလ်အဖွဲ့တို့က ပံ့ပိုး တီးခတ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.