ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးတက်ရောက်မှာကြား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တတိယ(၄)လပတ်ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ရတနာ ခန်းမ၌ ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ၊ ဒုတိယ ဝန်ကြီး  ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်  ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲ၊ ဌာနစု တာဝန်ခံများ တက်ရောက် ကြပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမှာစကား ပြောကြားရာတွင် တစ်နိုင်ငံလုံးက ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ ဌာနခွဲ တာဝန်ခံတွေကို တစ်စုတစ်စည်းတည်း တွေ့ဆုံပြီးမှာကြားစရာများကို မှာကြားလိုပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် သမိုင်းဝင်ရှေးဟောင်းဒေသများ၊ အဆောက်အအုံများ၊ ရှေးဟောင်းပစ္စည်းများ ရှာဖွေ ဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက် ရှိသကဲ့သို့ အသိပညာဗဟုသုတဆိုင်ရာ ဗဟိုဌာနအဖြစ် ပြတိုက်နှင့်စာကြည့်တိုက်များက ရပ်တည်၍ သတင်းအချက်အလက်များ ဝန်ဆောင်မှုပေးပေးလျက်ရှိပါကြောင်း၊ ပရိုင်းမိတ်သုတေသန၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် သုတေသနများနှင့် မြန်မာ့ရှေးဟောင်းမြို့များ၊ ရှေးဟောင်းနေရာများကိုလည်း မျက်ခြည်မပြတ်သုတေသန လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၊ ရှေးဟောင်းပစ္စည်းများ ရေရှည်တည်တံ့အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြတိုက်နှင့်စာကြည့်တိုက်များကို အမျိုးသား ယဉ်ကျေးမှု ဆိုင်ရာများအပြင် အသိပညာဗဟုသုတ အချက်အလက်များပေးရာ ဗဟိုဌာနဖြစ်လာစေရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ Digital Museum အဆင့် မြှင့်တင်နိုင်ရေးအထိ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ယဉ်ကျေးမှုပြတိုက်များ၊ စာကြည့်တိုက်များ ကိုလည်း တိုးချဲ့ဖွင့်လှစ်ပြီး ပညာပေးရေး လုပ်ငန်းများ၊ သတင်းအချက်အလက်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  ဝန်ထမ်းများကို  Human Resource- HR မြင့်မား တိုးတက်စေရေး အတွက် သုတေသနစာတမ်းဖတ်ပွဲများကျင်းပခြင်း၊ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ ပြည်ပနိုင်ငံများသို့ ပညာတော်သင်စေလွှတ်ခြင်း၊ လေ့လာရေး ခရီးစဉ်များ သွားရောက်စေခြင်းများ ဆောင်ရွက်ပေးပါကြောင်း၊  ဌာနခွဲ၊ ဌာနစုတာဝန်ခံများအနေနဲ့ မိမိတို့လက်အောက်ဝန်ထမ်းများကို နိုင်ငံတော်က ချမှတ်ထားတဲ့ နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းကြရန်၊ ဝန်ထမ်းတစ်ဦးချင်း လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်တွေ ကိုလည်းလိုက်နာကြစေရေး ကြပ်မတ်ဆောင်ရွက်ပေးကြရန်နှင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းများ လုံခြုံရေး၊ ရှေးပစ္စည်းများနှင့် ရုံးဌာနအဆောက်အဦများ လုံခြုံရေးကို အလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်းနှင့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့အညီ လိုက်နာ ဆောင်ရွက် သွားရန် နိုင်ငံတော် ဘဏ္ဍာငွေအလေအလွင့် မရှိစေရေး အထူးဂရုပြုခြိုးခြံချွေတာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသွား ပါသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက  ဦးစီးဌာနမှ ဆောင်ရွက်ရန် လိုအပ်ချက် များကို  ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ် များအား  ရှင်းလင်းတင်ပြ ခဲ့ပြီး ဌာနခွဲ၊ ဌာနစုတာဝန်ခံများမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဆွေးနွေး ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.