သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)၏ (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ပြည်ထောင်စုဝန်ကြီး ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား

၂၀၂၃ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ကျရောက်သည့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ပြည်ထောင်စု ဝန်ကြီး ဦးကိုကို ‌ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ၂၂-၃-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ စုစုပေါင်း (၁၅၅)ဦး တက်ရောက်ခဲ့ပါသည်။        အခမ်းအနားအစီအစဉ်အရ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်က ပြည်ထောင်စုဝန်ကြီး ဦးကိုကို ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး နံနက် ၁၀:၃၀ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.