သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်အား ဖူးမြော်ကြည်ညို၍ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲပြီးစီးနေမှုကို ကြည့်ရှု့စစ်ဆေးခြင်းမန္တလေး ၂၆ ရက်၊ မတ်လ၊ ၂၀၂၃ ခုနှစ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာသာသနာရေးဆိုင်ရာများကိုမေးမြန်းလျှောက်ထားခဲ့ပါသည်။ ၎င်းနောက်ပြည်ထောင်စုဝန်ကြီးသည်မန္တလေးမြို့အနုပညာအထက်တန်းကျောင်းရှိပန်းချီ၊ပန်းပုဌာနနှင့်ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး) တို့တွင်ရေးဆွဲလျက်ရှိသည့် နေပြည်တော်၌တည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ပရဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲ နေမှုအခြေအနေ များကိုလိုက်လံကြည့်ရှု့စစ်ဆေးခဲ့ရာ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးတို့က ပန်းချီကားများရေးဆွဲပြီးစီးနေမှုနှင့်ဆက်လက်ရေးဆွဲနေမှုအခြေအနေများ အားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးကနေပြည်တော်၌ တည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသည်ကမ္ဘာပေါ်တွင်တည်ထားကိုးကွယ်လျက်ရှိသည့် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက်အကြီးဆုံးဖြစ်လာမည့်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူဖြစ်ပါကြောင်း၊အဆိုပါဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရဝုဏ်တွင်ထားရှိမည့်ဆီဆေးပန်းချီကားများဖြစ်သည့်အတွက်ရေးဆွဲသောပန်းချီကားများကိုရေရှည်တည်တံ့ခိုင်မြဲနေအောင် နိုင်ငံတကာအဆင့်မီဆေး အမျိုးအစားများကိုအသုံးပြုသွားရန်နှင့် ဆေးသားပြည့်ပြည့်ဝဝသုံးစွဲသွားရန်လိုအပ်ကြောင်း၊အဆင့်အတန်းမီလက်ရာကောင်းမွန်သောပန်းချီကားများဖြစ်ရန်လည်းလိုအပ်ပါကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ဂုဏ်ပုဒ်နဲ့ညီညွတ်တဲ့အဆင့် အတန်းမီပန်းချီကားတွေရေးဆွဲနိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ ပန်းချီကားများအချိန်မီပြီးစီးရေး၊ ပန်းချီအနုပညာလက်ရာများ ပိုမိုကောင်းမွန်ပြည့်စုံရေးနှင့် ရေးဆွဲပြီးသောပန်းချီကားများနှင့် ပတ်သက်၍ အခြားလိုအပ်ချက်များကို ဖြည့်စွက်မှာကြား ခဲ့ပါသည်။

အနုပညာအထက်တန်းကျောင်း(မန္တလေး)သည်ဆီဆေးပန်းချီကား(၁၆)ချပ်နှင့် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သည် ဆီဆေး ပန်းချီကား(၂၄)ချပ်ကို တာဝန်ယူ ရေးဆွဲပေးလျက်ရှိပါသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် (၂၄)လုံးအတွင်းတွင်ထားရှိမည့် မြန်မာတို့၏ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော် ပန်းချီကား များအဖြစ် ထည့်သွင်းထားရှိရန်အတွက် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား (၉၆)ချပ်ကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.