၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ပူးပေါင်း၍ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၌ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာ(၁)နှစ်(၆)လ သင်တန်းများကို ဖွင့်လှစ်သွားမည် ဖြစ်ပါသည် –
(က) သင်တန်းအမည် – ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာ
(ခ) သင်တန်းကာလ – (၁)နှစ်(၆)လ
(ဂ) ပညာအရည်အချင်း – အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ
ဖြစ်ရမည်။
(ဃ) သင်တန်းအချိန် – နံနက်(၉:၀၀)နာရီမှညနေ(၃:၃၀)နာရီ
(င) သင်တန်းစတင် – ( ၁၅-၅-၂၀၂၃ )
ဖွင့်လှစ်မည့်ရက်
(စ) ပေးအပ်မည့်ဘွဲ့ – ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာ
(Post Graduate Diploma in Myanmar Calendar)
(ဆ) ပို့ချမည့်ဘာသာရပ်များ – သံဒိဋ္ဌတွက်ရိုးပညာ၊ သူရိယသိဒ္ဓါန္တတွက်ရိုးပညာ၊ သင်္ကြန် တွက်ရိုးပညာ၊ ပြက္ခဒိန် ပညာ၊ နက္ခတ္တပညာ၊ လထပ်ရက်ငင် လေ့လာချက်ပညာ၊ နေကြတ်၊ လကြတ်လေ့လာချက်ပညာ၊ ဇာတာဖွဲ့နည်းပညာ၊ မင်္ဂလာအခါပေးပညာ။
(ဇ) သင်တန်းတည်နေရာ – အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတောင်ကြားရပ်ကွက်၊
အနုပညာအထက်တန်းကျောင်း(ရန်ကုန်)
၂။ လျှောက်ထားလိုသူများသည် ပညာအရည်အချင်းထောက်ခံချက်၊ ဓာတ်ပုံ(၅)ပုံတို့နှင့်အတူ လျှောက် ထားကြရမည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူး၏ ခွင့်ပြုချက်ကို တစ်ပါတည်း ပူးတွဲလျှောက်ထားရပါမည်။ ဝင်ခွင့်လျှောက်လွှာပုံစံများကို (၂၀-၄-၂၀၂၃) ရက်နေ့မှစ၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်/မန္တလေး) တို့တွင်ထုတ်ယူရရှိနိုင်ပြီး (၅-၅-၂၀၂၃) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ပါသည်။ ဝင်ခွင့်စာမေးပွဲ (မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာ)ကို (၉-၅-၂၀၂၃) ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်သည်။ လူတွေ့စစ်ဆေးခြင်းကို(၁၀-၅-၂၀၂၃) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။
၃။ အသေးစိတ်သိလိုပါက ဖုန်း ၀၆၇ – ၃၄၀၈၄၄၃၊ ၀၁ – ၉၅၅၅၆၄၂၊ ၀၉ – ၂၅၀၂၇၄၄၉၄၊ ၀၉ – ၄၂၁၀၁၂၈၀၈ သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
အနုပညာဦးစီးဌာန