သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည်  ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Qun Li သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များ ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ မတ္လ (၃၀)ရက်နေ့တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြုပြင်ထိန်းသိမ်း လျက်ရှိ သော သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းမှု အပါအဝင် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖွဲ့သည်(၁၆:၀၀) နာရီအချိန်တွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများအားလေ့လာကြည့်ရှုခဲ့ ပြီးနောက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးတွေ့ဆုံမှုကို (၁၆:၅၀) နာရီအချိန်တွင် ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါတွေ့ဆုံမှုတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် နားလည်မှု စာချွန် လွှာကို ၂၀၁၇ ခုနှစ် မေလတွင် လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး ပဏာမ သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် မေလ(၂၅) ရက်နေ့တွင် လည်းကောင်း၊ သေဘာတူ စာလွှာ Exchange Letter ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ(၂၂) ရက်နေ့တွင်လည်းကောင်း၊ သဘောတူညီချက် ၂၀၁၉ ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် လည်းကောင်း လက်မှတ်ရေး ထိုးခဲ့ ပါကြောင်း၊ တရုတ်နိုင်ငံအစိုးရ အကူအညီဖြင့် ပုဂံကမ်ဘာ့အမွေအနှစ်ဒေသ သဗ္ဗညုဘုရား ပြုပြင်မွမ်းမံရေးစီမံကိန်း လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ် ဇန္နဝါရီ လ(၁)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပညာရှင်များ သည် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းလေ့လာခြင်း၊ ယာယီရုံးခန်း၊ အလုပ်ရုံ၊ သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက် သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘောတူညီချက်အတိုင်း ဆက်လက်၍ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းပေးမည်ကို သိရှိရသဖြင့် ကျေးဇူး တင်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုဒေသ တစ္ခုလုံးအား အဆင့်မြင့် နည်းပညာဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့် ထိန်းသိမ်း ကွပ်ကဲသည့်စနစ် တပ်ဆင်မှုလိုအပ် သဖြင့် ကူညီဆောင်ရွက်ပေး စေလိုပါကြောင်း၊ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ အနော်ရထာနန်းတော် အား အဆင့်မြှင့်တင်ရေးနှင့် ခင်းကျင်းပြသရေး တို့အတွက် ဆက်လက်ကူညီဆောင်ရွက်စေလိုပါကြောင်းနှင့် ရခိုင်ပြည်နယ်မြောက်ဦး ဒေသ အား ကမ်ဘာ့အမွေ အနှစ်ဒေသအဖြစ် စာရင်းတင်သွင်းရေး ဆိုင်ရာ ကူညီဆောင်ရွက်ရန် အတွက် လက်မှတ်ရေးထိုးရန် ၂၀၁၈ခုနှစ် ဇွန်လမှစ၍ ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်(၁၉) ကမ်ဘာ့ကပ်ရောဂါကြောင့် ယနေ့ထိ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသဖြင့် ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။ ၎င်းနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးကို ဆက်လက် ကူညီ ဆောင်ရွက်ပေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးကို နိုင်ငံတော်အဆင့် အဖြစ် မြှင့်တင်ဆောင်ရွက်နေ ပြီး လုပ်ငန်းကျွမ်းကျင်သော ရှီအမ်းပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဌာနကို တာဝန် ပေးထား ပြီး မိမိတို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးကြပ်ပေးနေပါကြောင်း တရုတ်သမ္မတကြီး ရှီကျင့်ဖျင်က အာရှယဉ်ကျေးမှု အမွေအနှစ်ကာကွယ် ထိန်းသိမ်းရေးအတွက် မြှင့်တင်ဆောင်ရွက်ရန် အဆိုပြုထား၍ မြန်မာနိုင်ငံကိုလည်း ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ပါ ကြောင်း ဆက်လက်၍လည်း နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်မြှင့်တင်ရေးတွက် ကူညီ ပူးပေါင်းမှုများ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၃၁.၃.၂၀၂၃) ရက်နေ့ နံနက် ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖွဲ့တို့နှင့်အတူ သဗ္ဗညုဘုရားအား တရုတ် ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် လျာထားချက်များကို ရှီအမ်းပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က ရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေး၍ အျမန္ဆုံး လုပ်ငန်း စတင်ဆောင်ရွက်သွားရန်နှင့် အဆင့်မြင့် နည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းသွားရန် ဆွေးနွေး မှာကြားခဲ့ပါသည်။ ဆက်လက်၍ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား၊ အာနန္ဒာဘုရား ရွှေစည်းခုံဘုရားနှင့် ချူအင်လိုင်းတန်ဆောင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား၍ ယင်းနေ့ နေ့လည်ပိုင်း တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်း ရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.