သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံအမျိုးသားပြတိုက်(ရန်ကုန်)နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တို့၏ ဌာနဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန်ကုန် ဧပြီ ၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည်  အမျိုးသားပြတိုက် (ရန်ကုန်)သို့ နံနက် (၁ဝ:၅ဝ)နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြား ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ အရာထမ်း၊ အမှုထမ်းများကကြိုဆိုခဲ့ကြပါသည်။ထို့နောက် အစည်းအဝေးခန်းမတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းပြသမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပထမထပ် မြန်မာ့မြို့ပြယဉ်ကျေးမှုပြခန်းတွင် ပြသထား သည့်  မြကန်ရေပေးဝေမှုစနစ်ပြမြေပုံ ရေးဆွဲထားသည့် ပုံစံငယ်အား ကြည့်ရှုစစ်ဆေးပြီး ရေသွား လမ်းကြောင်းတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသည့် ရေလမ်းကြောင်းအား မီးပြစနစ်ဖြင့် မြင်သာအောင်ပြသရန်၊  မြကန်ရေပေးဝေမှုစနစ်ပြမြေပုံအား  ရေပေးဝေမှုရှင်းလင်းချက်စာသားဖြင့် ပြသရန် လမ်းညွှန်မှာကြားခဲ့ပြီး မင်းခမ်းတော်ပစ္စည်းများပြခန်းကိုလည်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာခဲ့ရာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သို့ နေ့လယ်(၂:ဝဝ)နာရီတွင် ရောက်ရှိခဲ့ပြီး အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

         ထိုနောက် ညီလာခံခန်းမတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ စာဖတ်ခန်းများ၊ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရပိုက်နှင့် ရှားပါးစာပေပစ္စည်းများထားရှိရာ အခန်းများ နှင့်  ကလေးစာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန် မှာကြားသွားခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

Be the first to comment

Leave a Reply

Your email address will not be published.