နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းစည်းကမ်းများဆိုင်ရာ စာမေးပွဲစစ်ဆေး

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုး များ၊ နိုင်ငံ့ဝန်ထမ်းတာဝန်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀)ပါး၊  နိုင်ငံ့ဝန်ထမ်းစည်းကမ်းချက်များ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)မှ (ဌ)အထိ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်းစည်းကမ်းများဆိုင်ရာ စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့နှင့် ၅ ရက်‌နေ့တို့တွင် စာမေးပွဲကိုကျင်းပခဲ့ပါသည်။            အဆိုပါစာမေးပွဲကို ၄-၅-၂၀၂၃ ရက်နေ့တွင် တွဲဖက်ပါမောက္ခနှင့်အဆင့်တူမှ လက်ထောက်ကထိကနှင့်အဆင့်တူအထိ  (၄၉) ဦးသည် နံနက် (၁၀)နာရီမှ နေ့လယ်(၁)နာရီအထိ လည်းကောင်း၊ ၅-၅-၂၀၂၃ ရက်နေ့တွင် ဦးစီးမှူးမှ နည်းပြနှင့်အဆင့်တူအထိ (၅၅)ဦးသည် နံနက် (၁၀)နာရီမှ နေ့လယ် (၁)နာရီအထိ လည်းကောင်း၊ လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့်အဆင့်တူမှ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့်အဆင့်တူအထိ (၃၉) ဦးသည် နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ လည်းကောင်း၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၄၃) ဦး ဖြေဆိုခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.