မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းသုတေသနရှာဖွေတွေ့ရှိမှုနှင့် မြန်မာ့ကျောက်ခေတ်သုတေသန အထောက်အထား အချက်အလက်များဆွေးနွေးပွဲကျင်းပနေပြည်တော် ၊ မေ ၁၇

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို
ရေးသားပြုစုနိုင်ရန် အတွက် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းသုတေသနရှာဖွေတွေ့ရှိမှုနှင့်
မြန်မာ့ကျောက်ခေတ် သုတေသန အထောက်အထား အချက်အလက်များဆွေးနွေးပွဲကို
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀) နာရီ၌
ပြုလုပ်ခဲ့ရာ မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊
မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊
ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ ရှေးဟောင်း သုတေသနဆိုင်ရာ
ပညာရှင်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် လက်တွေ့ ကွင်းဆင်း
တူးဖော်မှု ဆောင်ရွက်နေကြသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲမှာ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို
ရေးသား ပြုစုနိုင်ရေးအတွက် ပြုလုပ်သည့်
ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေတွေ့ရှိမှုသမိုင်းနှင့် မြန်မာ့ကျောက်ခေတ်ဆိုင်ရာ
အထောက်အထား အချက်အလက်များ သုတေသန ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ ပရိုင်းမိတ်
ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ ပထမအကြိမ် ဆွေးနွေးပွဲကို အမျိုးသားပြတိုက် (ရန်ကုန်)
၌ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့နှင့်၂၈ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်
အဖြစ် နေပြည်တော်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်
ထပ်မံပြုလုပ်ခဲ့ပါကြောင်း နှင့် ကျောက်ခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်
ဆွေးနွေးပွဲကိုလည်း အမျိုးသားပြတိုက် (ရန်ကုန်)၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃၊၁၄

2

ရက်နေ့များတွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် နေပြည်တော်၌ ၂၀၂၃ ခုနှစ်၊
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လည်းကောင်း ပြုလုပ်ဆွေးနွေး ခဲ့ပါကြောင်း၊
၎င်းဆွေးနွေးပွဲ နှစ်ခုနှင့် ပတ်သက်၍ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဆွေးနွေး ညှိနှိုင်းမှု၊
ဖြည့်စွက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါကြောင်း ၊ ဆွေးနွေးချက်များနှင့် ပတ်သက်၍
အကျဉ်းချုပ်အားဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် တာဝန်ယူထားကြသည့်
ပညာရှင်များ၏ သုတေသနပြုတွေ့ရှိချက်များ၊ ရှေးဟောင်းသုတေသန
ဆိုင်ရာတူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီ သိပ္ပံနည်းကျ
သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ ဖော်ထုတ်
တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ် ရရှိနိုင်ရေးအတွက်
သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က ပူးပေါင်း၍ မူကြမ်း ရေးသားခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခင်
ဆွေးနွေးပွဲများက ရရှိလာ​သော အချက်အလက်တွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက်
ပညာရှင်များက ဖြည့်စွက် တည်းဖြတ် ရေးသားထားသည်များကို အပြန်အလှန်
ဆွေးနွေး၍ ပြန်လည်စိစစ် သုံးသပ်ညှိနှိုင်း အတည်ပြုနိုင်ရန်အတွက် ယခု ဆွေးနွေးပွဲကို
ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အချို့သော သမိုင်းစဉ် ခေတ်ကာလများမှာ ယခင်က
ထက်စာလျှင် ယခုကာလတွင်များစွာပီပြင် ပုံပေါ်လာပြီဖြစ်၍ မြန်မာနိုင်ငံ၏ ပြောင်းလဲ
ထွန်းကားခဲ့သည့် ယဉ်ကျေးမှုဖြစ်စဉ် ကွင်းဆက်များကို ပြည်သူလူထု သိရှိရန်နှင့် ကိုးကား
နိုင်ရန်အတွက် ပြင်ဆင်ရေးသားထုတ်ဝေရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ ယနေ့
သမိုင်းစဉ် ဆွေးနွေးပွဲမှ အသစ်တွေ့ရှိမှု အချက်အလက် အထောက်အထားများကို
ပေါင်းစပ်ဖြည့်စွက်၍ မြန်မာ့မြေပေါ်တွင်လည်း လူသားများစတင်ပေါ်ပေါက်ခဲ့သည့်
ကွင်းဆက်ကို ကွင်းဆင်း၊ တူးဖော် သုတေသနပြု တွေ့ရှိမှုမှ ခိုင်မာသော
အထောက်အထား များဖြင့် ပိုမိုပြည့်စုံ မှန်ကန်သည့် မြန်မာနိုင်ငံ၏ လူတူပရိုင်းမိတ်
ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ သမိုင်းကြောင်းကို အတည်ပြု နိုင်မည်လို့
ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ်
အတွက် အလွန်အရေးကြီးသော ဆွေးနွေးပွဲ ဖြစ်သည်နှင့်အညီ မြန်မာသမိုင်းအဖွဲ့မှ ဥက္ကဌ၊
ဒုတိယဥက္ကဌများနှင့် မြန်မာသမိုင်း အဖွဲ့ဝင်ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပရိုင်းမိတ်

3

ကျွမ်းကျင် ပညာရှင်များနှင့်ဆက်စပ်ဘာသာရပ်များဖြစ်သော မနုဿဗေဒဌာန၊ ရှေးဟောင်း
သုတေသန ပညာဌာန၊ သမိုင်းဌာနများမှ ပါမောက္ခများ၊ အရာရှိကြီးများ၊
ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့်
အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတို့မှ ပညာရှင် အရာရှိကြီးများ
ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အငြိမ်းစားပညာရှင်များ၊ ဌာနတွင်းမှ
လေ့လာသူ မျိုးဆက်သစ် ဝန်ထမ်းများကို ဖိတ်ခေါ် ဆွေးနွေးစေခြင်း ဖြစ်ပါကြောင်း၊
ယနေ့ သမိုင်းစဉ် ဆွေးနွေးပွဲမှ အသစ်တွေ့ရှိမှု အချက်အလက် အထောက်အထား များကို
ပေါင်းစပ်ဖြည့်စွက်၍ ကွင်းဆင်းလေ့လာ တူးဖော်သုတေသနပြု တွေ့ရှိမှုမှ ခိုင်မာသော
အထောက်အထားများဖြင့် ပိုမိုပြည့်စုံ မှန်ကန်သည့် မြန်မာနိုင်ငံ၏ လူတူပရိုင်းမိတ်
ကျောက်ဖြစ် ရုပ်ကြွင်းဆိုင်ရာ သမိုင်းကြောင်းကို အတည်ပြု နိုင်မည်လို့
ယုံကြည်ပါကြောင်း၊ ကျောက်ခေတ် သုတေသန ပြုလုပ်နေသည့် ပြည်တွင်း၊ ပြည်ပ
ပညာရှင်များ၏ ကွင်းဆင်း လေ့လာ တွေ့ရှိချက် များ၊ သုတေသနပြုတွေ့ရှိချက်များ၊
ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊
ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကို ပေါင်းစပ်ဖြည့်စွက်၍
ခိုင်မာသောသမိုင်းစဉ် ရရှိနိုင်ရေးအတွက် မူကြမ်းပြုစုပြီးဖြစ်ပါကြောင်း၊
ကျောက်ခေတ်ဆိုင်ရာ သမိုင်းစဉ်တွင် ယခင်က မတွေ့ရှိခဲ့ရသေးသော
ကျောက်ခေတ်လယ် ထွန်းကားခဲ့သည့် အထောက်အထား အသစ်တွေ့ရှိချက်များ၊
သိပ္ပံနည်းကျသက်တမ်းတွက်ချက်မှု ရလဒ်များကြောင့် အချို့သောသမိုင်းစဉ်
ခေတ်ကာလများမှာ များစွာပီပြင် ပုံပေါ်လာပြီဖြစ်၍ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဖြစ်စဉ်
ကွင်းဆက်ပြောင်းလဲလာမှုများကို ပြည်သူသိရှိစေရေး ဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊
အလားတူ ကျောက်ခေတ်လယ်ဆိုင်ရာ အသစ်တွေ့ရှိချက်များကို နိုင်ငံတကာစာတမ်း
ဖတ်ပွဲပြုလုပ်၍ နိုင်ငံတကာပညာရှင်များ သိရှိလက်ခံအောင် ဆောင်ရွက်သွားရန်
ပြောကြားခဲ့ ပါသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်မှ
မြန်မာ့ မြေလွှာဖြစ်တည်မှုအကြောင်းကိုလည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်

4

ပါမောက္ခချုပ် ဒေါက်တာချစ်စိန်က ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း
ရှာဖွေတွေ့ရှိမှု သမိုင်းကို လည်းကောင်း၊ ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်
‌ဒေါက်တာသောင်းထိုက်က ဧရာဝတီ ပရိုင်းမိတ်ရှာဖွေတွေ့ရှိမှုနှင့်
အထောက်အထားများအကြောင်းကိုလည်းကောင်း ရှင်းလင်း တင်ပြခဲ့ရာ
တက်ရောက်လာသူများက ပြင်ဆင်ဖြည့်စွက်လိုသည်များကို ဆွေးနွေးပြောကြားခဲ့ပြီး
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ဆွေးနွေးချက်များအပေါ်
သုံးသပ်တင်ပြခဲ့ ပါသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် မြန်မာ့ကျောက်ခေတ်ဆိုင်ရာ သုတေသန
အထောက်အထားအချက်အလက် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ
ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး
ဦးဝင်းကြိုင်က မြန်မာ့ကျောက်ခေတ် အကြောင်းကို တင်ပြဆွေးနွေးပြီး
ယခင်မတွေ့ရှိရသေးသော ကျောက်ခေတ်လယ်ယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး
ကျောက်ခေတ်ကို ပြည့်စုံစွာမြန်မာ့မြေပေါ်တွင် တစ်ဆက်တစ်စပ်တည်း
ပေါ်ပေါက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက ပြင်ဆင်
ဖြည့်စွက်လိုသည် များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က အထွေထွေဆွေးနွေးချက်များအပေါ်
သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ယနေ့ ကျင်းပပြုလုပ်သည့်
ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနရှာဖွေတွေ့ရှိမှုနှင့် မြန်မာ့ ကျောက်ခေတ်
သုတေသန အထောက်အထားဆွေးနွေးပွဲသည် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့
သမိုင်းစဉ် ရေးသားပြုစု နိုင်ရန်အတွက် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊
‌ရှေးဟောင်းသုတေသန ပြုလုပ်ခြင်းဆိုတာ မိမိနိုင်ငံ၊ မိမိတိုင်းပြည်၏
သမိုင်းအစစ်အမှန်ကို ပြန်လည် သဲလွန်စရှာပြီး ဖော်ထုတ်နေခြင်း ဖြစ်ကြောင်း၊
ဤလုပ်ငန်းသည် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ကြောင်း၊

5

မိမိတို့မျိုးဆက်အဆင့်ဆင့်အထိ ဆက်လက်၍ သမိုင်းစဉ်များ ဖော်ထုတ်
လေ့လာကြရန်မှာ မျိုးဆက်သစ်များတာဝန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲ
အစီအစဉ်ကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.