ပြဇာတ်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပခြင်း

You need to add a widget, row, or prebuilt layout before you’ll see anything here. 🙂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် (မန္တလေး)တို့ ပူးပေါင်း၍ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနများတွင် ပို့ချလျက်ရှိသော ပြဇာတ်ပညာရပ်ကို ပိုမိုခိုင်မာသည့် သင်ရိုးညွှန်းတမ်း များဖြင့် ထိရောက်စွာသင်ကြားပို့ချပြီး ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို‌ ဆောင်ရွက်နိုင်ရန်အတွက် “ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ”ကို ၂၄-၅-၂၀၂၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင်အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊  အနုပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးအဖွဲ့ဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် (မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ပညာရေးဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများမှ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆွေးနွေးမည့်ပညာရှင်များ၊ ပြင်ပပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၆၅) ဦး တက်‌ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားခြင်း၊   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်  ဦးစိုးသိန်းက နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အကယ်ဒမီများရှင် ဦးငြိမ်းမင်း၊ ဌာနမှူး(ငြိမ်း)(သဘင်) ဦးရဲထွဋ်(သန်လျင် မောင်ဝင်းဝါ)၊ ဌာနမှူး(ငြိမ်း)(ရုပ်ရှင်နှင့်ပြဇာတ်) ဦးစုအောင်၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးဝင်းနိုင်(ဘငြိမ်းဝေ)၊ သဘင်ပညာရှင် ဦးနန်းဝင်း၊ ကထိက (ရုပ်ရှင်နှင့်ပြဇာတ်) ဦးမြတ်လင်းနှင့် ကထိက(ရုပ်ရှင်နှင့် ပြဇာတ်) ဒေါ်ပပမျိုး တို့က စာတမ်း(၇)စောင် ဖတ်ကြားခဲ့ကြပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)စာကြည့်တိုက်တွင် ၂၄-၅-၂၀၂၃ ရက်နေ့မှ ၂၅-၅-၂၀၂၃ ရက်နေ့အထိ “ပြဇာတ်ပညာရပ်ဆိုင်ရာဉာဏ်စမ်းပဟေဠိပြိုင်ပွဲ”ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၅-၅-၂၀၂၃ ရက်နေ့ ၊ နံနက် ၀၉:၀၀ နာရီတွင် သရဖီဆောင်၊ အနုပညာခန်းမ၌  စင်တင် ပြဇာတ်ပြိုင်ပွဲ” နှင့် တစ်ခန်းရပ်ပြဇာတ်ပြိုင်ပွဲ”ကို ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က အဖွဲ့(၅)ဖွဲ့နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (မန္တလေး)ကအဖွဲ့(၁)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြပါသည်။ ထို့နောက် ပြဇာတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.