မိုခါမုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများအတွက်ဆန်နှင့်အသုံးအဆောင်ပစ္စည်း(၅)မျိုးလှူဒါန်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၂၀၂၃ ခုနှစ်၊    မေလ  ၁၄ ရက်နေ့ တိုက်ခတ်သွားသော မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့၊ လမ်းမကြီးရှိ ရခိုင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်၏ ခေါင်မိုးနှင့်မျက်နှာကြက်များ ပျက်စီးမှု၊ ပြတင်းမှန်များကွဲအက်မှု၊ တံခါးကျည်း ဘောင်များကျိုးပဲ့မှု၊ ဆန်းရှိတ်များပျက်စီးမှုနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုအခြေအနေများကို မေလ ၂၅ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် မေလ ၂၆ ရက်နေ့တွင် မကျည်းမြိုင်ရပ်ကွက်၊ မေယုလမ်းရှိ ဗုဒ္ဓပြတိုက်ခေါင်မိုးများ၊ ပြတင်းတံခါးများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုအခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးကာ ဗုဒ္ဓပြတိုက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အမှတ်(၃)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ လုပ်အားပေး ရောက်ရှိနေကြသော ရဲသင်တန်းသား(၄၀၀)ဦးအား  နေရာချထားမှုကိုပါ ကြည့်ရှုအားပေးခဲ့သည်။

          ဒုတိယဝန်ကြီးသည်  စစ်တွေမြို့ပေါ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီးကျောင်း(၃၂၆) ကျောင်းအနက်  ကျောင်းတက်လမ်းရပ်ကွက်ရှိ  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိသည့် ရွှေစေတီ ကျောင်းတိုက်၊  မကျည်းမြိုင်ရပ်ကွက်ရှိ နန္ဒာရာမပရိယတ္တိစာသင်တိုက်၊ ပြည်တော်သာရပ်ကွက်ရှိ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက်၊ ရွာကြီးတောင်ရပ်ကွက်ရှိ ပညာလင်္ကာရကျောင်းတိုက် နှင့် ကြွဖြူကျောင်းတိုက်၊ ဘောက်သီးစုရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်နှင့် ကန်တော်ကြီး ရပ်ကွက်ရှိ မဟာဇေယျသိဒ္ဓိအဓိဌာန်ကျောင်းတို့၏ကျောင်းဆောင်များ၊စာသင်တိုက်များ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းဆောင်များ၊ သိမ်များ၊ စေတီများ ပျက်စီးမှုကို ကြည့်ရှုကာ ဘုန်းတော်ကြီး ကျောင်းများအတွက် သွပ်နှင့်သစ်သားရရှိမှုအခြေအနေနှင့် အမိုးများ မိုးပြီး မပြီး မေးမြန်း လျှောက်ထား ၍ နဝကမ္မအလှူငွေများဆက်ကပ်ခဲ့သည်။           ဒုတိယဝန်ကြီးသည် မေလ ၂၉ ရက်နေ့ နေ့လည်၁၂ နာရီမှစ၍ စစ်တွေမြို့ လောကာနန္ဒာစေတီ တော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ မုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီးကျောင်း (၃၂၆)ကျောင်း အတွက်  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)မှ လှူဒါန်းသည့် ဆန်အိတ်(၄၉၀)အနက် ပထမအသုတ်အနေဖြင့် ဆန်အိတ်(၂၅၀)နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသော ခြင်ထောင်၊ ပန်းကန်၊ ဇွန်း၊ သောက်ရေခွက်၊ ဓား၊ ရေခွက် စသည့်အသုံးအဆောင်(၅)မျိုးကို သာသနာရေးဦးစီးဌာနမှတစ်ဆင့်လှူဒါန်းနေမှုကို သွားရောက် ကြည့်ရှု၍ ဝါတော်ကြီးသော ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှတစ်ဆင့် အစ္စလာမ်ဘာသာဝင်အလှူရှင်များက အစ္စလာမ်ဘာသာဝင်ရွာ များသို့ ဆန်(၂၁၅၃)အိတ်၊ ဆီ(၆၅၀၀)ပိဿာနှင့် မိုးကာလိပ် ၅၀၄ ခုကို ကူညီထောက်ပံ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.