အာဆီယံ ကလေးသူငယ်များစာဖတ်ခြင်းယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ပြပါ (Read me a Book) အစီအစဉ်၏ “အသံထွက်၍စာဖတ်ပြခြင်း” သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်၊ မေလ (၁၁) ရက်

          သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ကြီးမှူးကျင်းပသော အာဆီယံကလေးသူငယ်များ စာဖတ်ခြင်းယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ပြပါ (Read me a Book) အစီအစဉ်၏ “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ် (၆၀၄/၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ညီလာခံခန်းမ၌ ၁၁.၅.၂၀၂၃ ရက်နေ့(ကြာသပတေးနေ့)နံနက်(၁၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်း အနားသို့ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ကျောင်းစာကြည့်တိုက်တာဝန်ခံ ဆရာ/ဆရာမများ၊ Community Center များနှင့်ကိုယ်ထူကိုယ်ထစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ ပုဂ္ဂလိကကျောင်းစာကြည့်တိုက်မှူးများ၊ ရန်ကင်းပညာရေးကောလိပ် မှ ဆရာ/ဆရာမများနှင့်သင်တန်း သား /သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှညွှန်ကြားရေးမှူ၊ ဒေါက်တာကေသီအေးက စာဖတ်ပြပါ၊ အာဆီယံကလေးသူငယ်များစာဖတ်ခြင်းယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး (Read me a Book) အစီအစဉ်အကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြီး နောက် အမျိုးသားယဉ်ကျေးမှူးနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ စာကြည့်တိုက်မှူး ဒေါ်မျိုးက အသံထွက်၍စာဖတ်ပြခြင်း သီအိုရီဆိုင်ရာ ရှင်းလင်းပို့ချခြင်းကိုဆောင်ရွက်ခဲ့ ပါသည်။ ဆက်လက်၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ဦးစီးအရာရှိ ဒေါ်စိုးသီတာက မူလတန်းနှင့်အလယ်တန်းအဆင့်ကလေးများကို အသံထွက်၍စာဖတ်ပြခြင်း လက်တွေ့ သရုပ်ပြသင်ကြားခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများမှ အသံထွက်၍စာဖတ်ပြခြင်းကိုလက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြပါသည်။

          ၁၂.၅.၂၀၂၃ ရက်နေ့ (သောကြာနေ့) တွင် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ခြင်း၊  မူလတန်းနှင့် အလယ်တန်းအဆင့်ကလေးများအား သင်တန်းသား/သင်တန်းသူများက လက်တွေ့စာဖတ်ပြခြင်းနှင့် သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.