နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ စံတန်ဖိုး၊ တာဝန်၊ စည်းကမ်းများနှင့် ပြဋ္ဌာန်းချက်များဆိုင်ရာ အရာထမ်းအဆင့်၊ အမှုထမ်းအဆင့် စာမေးပွဲတွင် ဆုရရှိသူများအား  ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးများ၊ နိုင်ငံ့ဝန်ထမ်းတာဝန်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်(၃၀)ပါး၊ နိုင်ငံ့ဝန်ထမ်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်း ဉပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က) မှ (ဌ)အထိနှင့် ဖွဲ့စည်းပုံ အခြေခံဉပဒေပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များဆိုင်ရာ အရာထမ်းအဆင့်၊ အမှုထမ်းအဆင့် စာမေးပွဲကို အမျိုသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ၄-၅-၂၀၂၃ရက်နေ့နှင့် ၅-၅-၂၀၂၃ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်းအဆင့် (၄၉)ဦး၊ အမှုထမ်းအဆင့် (၉၄) ဦး၊ စုစုပေါင်း (၁၄၃)ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြပါသည်။

          အဆိုပါစာမေးပွဲများ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ၃၁-၅-၂၀၂၃ ရက်နေ့ တွင် အမျိုသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ရာ အရာထမ်းအဆင့် ပထမဆုကို ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက လည်းကောင်း၊ ဒုတိယဆုကို ပါမောက္ခ/ဌာနမှူး(ဂီတ)ကလည်းကောင်း၊ တတိယဆုကို ပါမောက္ခ/ ဌာနမှူး(သဘင်)ကလည်းကောင်း၊ အမှုထမ်းအဆင့် ပထမဆုကို ဌာနမှူး(သင်တန်းရေးရာ)က လည်းကောင်း၊ ဒုတိယဆုကို ပါမောက္ခ/ဌာနမှူး(ပန်းပု)ကလည်းကောင်း၊ တတိယဆုကို တွဲဖက်ပါမောက္ခ(ရုပ်ရှင်နှင့်ပြဇာတ်)ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.