အာဆီယံနိုင်ငံ အမျိုးသားစာကြည့်တိုက်များနှင့် ကိုရီးယားသမ္မတနိုင်ငံ ကလေးသူငယ် ဆိုင်ရာ အမျိုးသားစာကြည့်တိုက်တို့ ပူးပေါင်းပြုလုပ်သည့် အာဆီယံကလေးသူငယ်များ စာဖတ်ခြင်း ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ “စာဖတ်ပြပါ” အစီအစဉ်အတွက် “စာဖတ်ပြခြင်း သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို (၁၅−၆−၂၀၂၃)ရက်၊ ကြာသပတေးနေ့ နံနက်(၁၀:၀၀)နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပ ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူး များ၊ ကိုယ်ပိုင်စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက
အဖွင့်အမှာစကားပြောကြားရာ၌ ယခုသင်တန်းသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်ပို့ချသည့် “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းဖြစ်ကြောင်း၊ အာဆီယံနိုင်ငံ အမျိုးသားစာကြည့်တိုက်များနှင့် ကိုရီးယား နိုင်ငံ၊ ကလေးသူငယ်ဆိုင်ရာ အမျိုးသားစာကြည့်တိုက်တို့ ပူးတွဲပြုလုပ်သည့် အာဆီယံကလေး သူငယ်များ စာဖတ်ခြင်း ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ “စာဖတ်ပြပါ” အစီအစဉ် အတွက် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ အစီအစဉ်တွင် အပိုင်း (၂)ပိုင်း ပါဝင်မည်ဖြစ်ကြောင်း၊ ဇွန်လ (၁၅)ရက်နေ့တွင် “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းကို သီအိုရီနှင့် လက်တွေ့သရုပ်ပြ သင်ကြားမှုများကို ဆောင်ရွက်မည်ဖြစ်ပြီး ဇွန်လ (၁၆)ရက်နေ့တွင် သင်တန်းသား/ သင်တန်းသူ များက လက်တွေ့စာဖတ်ပြခြင်းနှင့် “စာဖတ်ပြပါ” အစီအစဉ်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်များကို စာဖတ်သည့်အလေ့အထ ရရှိစေရန် ပြုစုပျိုးထောင် ပေးသည့်အစီအစဉ်ဖြစ်ပြီး (၃)နှစ်တာ ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း၊ ပထမတစ်နှစ်ဖြစ်သည့့် ၂၀၂၂ ခုနှစ်တွင် Online ဖြင့် ပထမအကြိမ်လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးမှ တစ်ဆင့် ဒုတိယနှစ်(၂၀၂၃) ခုနှစ်နှင့် တတိယနှစ်(၂၀၂၄) ခုနှစ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ခဲ့ကြောင်း၊ စီမံကိန်းပါရည်ရွယ်ချက် များအရ ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ် (၃)ရပ်မှာ ကလေးများ၏ ဖန်တီးမှုအရေးအသား (Children’s creative writing)၊ ပုံပြောခြင်း(Story telling)နှင့် စာဖတ်ပြပါ(Read me a Book) တို့ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် မိမိနိုင်ငံ၏အခြေအနေ၊ ဘဏ္ဍာငွေနှင့် မူဝါဒများအရ အစီအစဉ် (၃)ရပ်အနက်မှ (၁)ခု (သို့မဟုတ်) (၂)ခုလည်း ဆောင်ရွက်နိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစီအစဉ် (၃)ခုအနက် “စာဖတ်ပြပါ(Read me a Book)” အစီအစဉ်ကို ရွေးချယ်ခဲ့ပြီး “စာဖတ်ပြပါ” အစီအစဉ်အတွက် လိုအပ်သည့့် “အသံထွက်၍စာဖတ်ပြခြင်း” သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ပထမဦးစွာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ၂၀၂၃ ခုနှစ်၊ မေလ (၁၁)ရက်နေ့နှင့် (၁၂) ရက်နေ့များတွင် ဆောင်ရွက်ခဲ့ပြီး အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင် ယနေ့ ဇွန်လ (၁၅) ရက်နေ့နှင့် (၁၆)ရက်နေ့များ၌ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ “စာဖတ်ပြပါ” အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ကျောင်းစာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များ၊ ကိုယ်ထူကိုယ်ထစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့်အတူ အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)မှ စာကြည့်တိုက်မှူး များသည် ၂၀၂၃ ခုနှစ်၊ မေလမှ စက်တင်ဘာလအတွင်း “စာဖတ်ပြပါ” အစီအစဉ်ကို ကျင်းပသွားရန် စီစဉ်ထားရှိပါကြောင်း၊ ထို့အတွက် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများ သည် ယခုဇွန်လအတွင်း၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ချိတ်ဆက်၍ စာဖတ်ပြပါအစီအစဉ်ကို ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ပြီးသည့့် ဆရာ/ဆရာမများ၊ စာကြည့်တိုက်မှူး များအနေဖြင့်လည်း မိမိနေရပ်ဒေသမှ အခြေခံပညာကျောင်းများ၊ စာကြည့်တိုက်များတွင် ဆင့်ပွား သင်တန်းများ ပေး၍ “စာဖတ်ပြပါ” အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် စေလိုပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားလူငယ်များအတွက် စာဖတ်အလေ့အကျင့် တိုးပွားစေရန်နှင့် အသိပညာဗဟုသုတ ရရှိစေနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ် လူငယ်များအတွက် ကောင်းမွန်သည့်အလေ့အထ ထွန်းကားရေးနှင့် ပညာဗဟုသုတရှာမှီးရာတွင် စာကြည့်တိုက်များက ထောက်ပံ့ကူညီပေးနိုင်ကြောင်း သိရှိစေနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး လူငယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စု ဝန်ကြီးသည် အခမ်းအနားတက်ရောက်လာကြသူပုဂ္ဂိုလ်များ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကာ အခမ်းအနားကို (၁၁:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပြီး သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ (၂)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။