“ ဆန်းသစ်တီထွင် မဟာသဘင် ” အနုပညာစွမ်းရည်ပြပွဲကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သဘင်ပညာဌာန ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ဒုတိယနှစ်(မဟာဝိဇ္ဇာသင်တန်း) ကျောင်းသား၊ ကျောင်းသူများ၏ “ဆန်းသစ် တီထွင်မဟာသဘင်” အနုပညာစွမ်းရည်ပြပွဲကို ၂၀-၆-၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီက အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပခဲ့ပါသည်။  

          အနုပညာစွမ်းရည်ပြပွဲသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ ပြင်ပပညာရှင် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြပါသည်။           အဆိုပါအနုပညာစွမ်းရည်ပြပွဲတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပါမောက္ခ၊ ဌာနမှူး(သဘင်) ဦးခိုင်ထွန်းက အနုပညာစွမ်းရည်ပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          အဆိုပါပွဲတွင် ဒုတိယမဟာဝိဇ္ဇာတန်း ကျောင်းသား၊ ကျောင်းသူ (၈)ဦးတို့၏ လှပဝေဆာ အကပဒေသာ (မင်းသားယိမ်းအက)၊ မြန်မာ့ဟန်ပန်ခေတ်ဆန်ဆန် (မင်းသမီးယိမ်းအက)၊ လှပဟန်ကြွယ် ကကြိုးယှက်နွယ် (မင်းသမီးယိမ်းအက)၊ ကိုဗေကြိုက်တဲ့ချစ်သူများ (နှစ်ပါးခွင်)၊ ရာမဇာတ်တော်သမင်လိုက်ခန်း (ထိုင်းနှင့်မြန်မာကပြပုံ)၊ ရွှေပြည်တော်ဆီ (မြိုင်ထနှစ်ပါးသွား)နှင့် ရင်နှစ်သည်းချာ (ထိုးဇာတ်) အစီအစဉ်များကို စွမ်းရည်ပြ တင်ဆက်ခဲ့ပါသည်။  အနုပညာစွမ်းရည်ပြ ဖျော်ဖြေတင်ဆက်မှုများနှင့်ပတ်သက်၍ အကဲဖြတ်ပညာရှင်ကြီးများ ဖြစ်ကြသော ဦးအောင်တိုး (ဆို၊ ငို၊ ပြော နှင့် ဇာတ်ညွှန်းရေးဆရာ)၊ ဒေါ်နုနုစိန် (ဆို၊ ငို၊ ပြောပညာရှင်)၊ ဒေါ်စန်းနု (အကပညာရှင်) တို့က အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး ပြိုင်ပွဲဝင်များ၏ လိုအပ်ချက်များကို အကြံပြုထောက်ပြဆွေးနွေးခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.