၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင် ထောက်ပံ့ငွေပေးအပ်ခြင်း

၂၆-၆-၂၀၂၃ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီ၌ နေပြည်တော်၊ ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး)၊ စုပေါင်းအစည်းအဝေးခန်းမ(မြေညီထပ်)တွင် ကျင်းပပြုလုပ် သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က လက်ခံရယူခဲ့သည့် ပညာသင်ထောက်ပံ့ကြေးပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ၄-၇-၂၀၂၃ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီ၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)၊ စွယ်တော်ဆောင်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများနှင့် အရာထမ်း၊ အမှုထမ်းများ၊ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။          

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၏ သားသမီးများအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်‌ကောလိပ်များတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေးများကို ကိုယ်စားလှယ်တစ်ဦးစီအား ပေးအပ် ခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.