ပြည်ထောင်စုဝန်ကြီး ဦးကိုကို (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပမည့် အာဇာနည်ဗိမာန် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ အများပြည်သူကြည့်ရှုလေ့လာမည့် ဗိုလ်ချုပ်ပြတိုက်နှင့် အတွင်းဝန်ရုံး ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း ရန်ကုန်  – ဇူလိုင်လ   ၁၇

သာသနာ‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားကျင်းပမည့် ဗဟန်းမြို့နယ် အာဇာနည်ဗိမာန် ပြင်ဆင်ဆောင်ရွက် ပြီးစီးမှု၊ လွမ်းသူ့ ပန်းခွေချ အလေးပြုအခမ်းအနားနှင့် နေရာယူမှုပုံစံ ကြိုတင်လေ့ကျင့်နေမှု၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပြင်ဆင်ဆောင်ရွက် ပြီးစီးမှု များနှင့် ဗိုလ်တထောင်မြို့နယ် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

          ‌ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်သို့ ရောက်ရှိရာ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး နှင့်တာဝန်ရှိသူများက အရေးကြီးပုဂ္ဂိုလ်များ နားနေခန်း ပြင်ဆင်ဆောင်ရွက် ပြီးစီးမှု၊ မိသားစုတွေ့ဆုံခန်းမတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို နိုင်ငံတော်အကြီးအကဲက တွေ့ဆုံမည့်နေရာ   ပြင်ဆင်ဆောင်ရွက် ပြီးစီးမှု များကို ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အာဇာနည်ဗိမာန်သို့သွားရာ လမ်းတစ် လျှောက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး ဗိမာန်တွင် နိုင်ငံ‌တော်အဆင့် လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား နေရာယူမှုပုံစံ ကြိုတင် လေ့ကျင့်နေမှု၊ အာဇာနည် ခေါင်းဆောင်ကြီးများကို လာရောက် ဂါဝရပြုမည့် ပြည်သူများ

ဝင်ထွက် သွားလာမည့် ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ (၃)ပေ ခြား၍ လက်ဆေးဘေစင်များနှင့် စစ်ဆေးရေးဂိတ်များ ပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။      

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ဗိုလ်ချုပ ်အောင်ဆန်း နေအိမ် ပြတိုက်တွင် ဗိုလ်ချုပ်နောက်ဆုံးစီးခဲ့သည့် မော်တော်ကား ပြသထားရှိမှု၊ ပြတိုက် ပတ်လမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိရေး ဆောင်ရွက်ထားပြီး အများပြည်သူ လာ‌ရောက် ကြည့်ရှုရာတွင် လုံခြုံရေးအရ စစ်ဆေးရေးဂိတ် ဆောင်ရွက်ထားရှိမှု၊ ဗိုလ်ချုပ်အမှတ်တရ  မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ၊ အကြွေစေ့များ၊ လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများ၊ အာဇာနည်နေ့ အထိမ်းအမှတ် ထုတ်ဝေသော စာပို့တံဆိပ်ခေါင်းများ၊ ဗိုလ်ချုပ် ရုပ်ပုံပါ အထိမ်းအမှတ် စာပို့တံဆိပ် ခေါင်းများအားလည်းကောင်း၊ နေအိမ်ပြတိုက်အဝင်တွင် ဗိုလ်ချုပ်စာဖတ်နေသည့် ပြခန်း၊ ပြတိုက်အတွင်း ငယ်ဘဝ၊ တပ်မတော်ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝ၊ ထမင်းစားခန်းတွင် ဗိုလ်ချုပ်ကြိုက်နှစ်သက်သော ပဲပြုတ်နှင့်နံပြား ပြင်ဆင် ပြသထားမှုများနှင့် ပြတိုက်အောက်ထပ် ပြသထားရှိမှုများအား လည်းကောင်း၊ ဆက်လက်၍ အပေါ်ထပ်ရှိ အိပ်ခန်း၊ စာဖတ်ခန်း၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အဝတ်အစားများ၊ ဦးထုပ်များ၊ မိသားစုဓာတ်ပုံများ၊ ကလေး များအိပ်ခန်း၊ ၎င်းအိပ်ခန်းတွင် General Aung San Application Software ဖြင့် ဗိုလ်ချုပ် အောင်ဆန်းအကြောင်းအား မြန်မာ- အင်္ဂလိပ်နှစ်ဘာသာဖြင့် ကြည့်ရှုနိုင်ပြီး သမိုင်းဝင် ဓာတ်ပုံများ၊ မိန့်ခွန်းများအပါအဝင်    ဗိုလ်ချုပ်နှင့်ပတ်သက်သည့် သမိုင်းအကြောင်းအရာများကို မြန်မာဘာသာဖြင့် ကြည့်ရှုလေ့လာ နိုင်ရန် ဆောင်ရွက်ထားရှိသည့် Touch Screen စီစဉ်ထားရှိမှုနှင့် ပြတိုက်အတွင်း ပြသထားရှိမှု များကိုလည်းကောင်း၊ ဗိုလ်ချုပ်ကိုယ်တိုင် စိုက်ပျိုးခဲ့သည့် စိုက်ခင်းနှင့် ရေကန်အတွင်းမှ အမှိုက်များဆယ်ယူရှင်းလင်း ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိ သူများက ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၏ ပြတိုက်အတွင်း လွတ်လပ်ရေးရပြီး ခေတ်၏ သမ္မတများ၏ပုံတူများ၊ နိုင်ငံခေါင်း‌ဆောင်များ၏ ဓာတ်ပုံများနှင့် ၎င်းတို့၏ ထေရုပ္ပတ္တိများ၊ နိုင်ငံတော်မှ ထုတ်ပြန်ထား သည့် သတင်းအချက်အလက်များ ပြသထားရှိမှု၊ ထိုခေတ်ထိုအခါက လွှတ်တော်ကျင်းပသည့် နေရာ၊ ပြတိုက်ရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အမည်များ ကို ကမ္ပည်းများ ရေးထိုးပြီး  ကျောက်တိုင်စိုက်ထူထားသည့် အမှတ်တရနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်း‌ဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေး ပြုလုပ်သည့်အခန်း၊ ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျန်ရစ်သောပစ္စည်းများ ပြသထားရှိမှုနှင့် အတွင်းဝန်ရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို ရှင်း လင်း တင်ပြကြသည်။

          ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အတွင်းဝန်ရုံး အတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် လိုအပ်သည်များ မှာကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီက ကျဆုံးလေပြီးသော အာဇာနည်ခေါင်း‌ဆောင်ကြီးများအား ရည်စူး၍ဆွမ်းဆက် ကပ်ခြင်း အလှူဒါနပြုအမျှပေးဝေခြင်း အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ၁၄:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံ၌ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် အပါအဝင် အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်များ ၊

ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ နှင့် အမှုဆောင် အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါသည် ။

တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ သဘင်အစည်းအရုံးကို နိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် သဘင် ပညာရှင် ကြီးများက “မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)”အဖြစ် စတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခုဆိုလျှင် နှစ်ပေါင်း ၈၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် နှစ်ကာလ သက်တမ်း ရှည်လျားသော အဖွဲ့အစည်းကြီး ဖြစ်ပါကြောင်း၊ အဆိုသဘင်၊ အကသဘင်၊ အတီးသဘင်ဟူသည့် သဘင်မှု နယ်ပယ် ပေါင်းစုံမှ ရုပ်သေး၊ ဇာတ်သဘင်၊ အငြိမ့်၊ ဆိုင်း၊ ဆပ်ကပ်၊ မျက်လှည့်စသည့် ပညာရှင်ပေါင်းများစွာဖြင့် စုစည်းထားသော အဖွဲ့အစည်းကြီး လည်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးမရမီမှ လွတ်လပ်ရေးရပြီးသည်အထိ ခေတ်အဆက် ဆက်တွင် သဘင်ပညာနှင့်  သဘင်လောကအကျိုးကိုသာမက  နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးကိုပါ တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ ဆောင်ရွက်ခဲ့သော အဖွဲ့အစည်း ကြီးလည်း ဖြစ်ပါကြောင်း ခေတ်အဆက်ဆက်တွင် နိုင်ငံ့တာဝန်ယူခဲ့ကြသူများဘက်မှ ပံ့ပိုး ကူညီခြင်း၊ ထောက်ပံ့ခြင်းများကိုလည်း တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အစိုးရလက်ထက်တွင်လည်း ဂုဏ်ထူးဘွဲ့ထူး ချီးမြှောက်မှုများ၊ ကူညီထောက်ပံ့မှုများကို ယခင်အခါများထက်ပိုမို၍ ဆောင်ရွက်ပေးနေသည်မှာ သဘင်လောက သားများ အသိပင်ဖြစ်ပါ ကြောင်း၊ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း သဘင် ပညာရှင်များ၏ ဘဝ ရပ်တည်မှုအတွက် ချေးငွေအဖြစ် ဘီလီယံနှင့်ချီ၍ ဆောင်ရွက်ပေးခဲ့ သည်ကိုလည်း သဘင်ပညာရှင်များ အသိပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို)အတွက် အမှန်တကယ် လိုအပ်နေသော မြေနေရာ ရရှိနိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ပေးမှုဖြင့် မင်းဓမ္မ လမ်းပေါ် ရှိ Myanmar Arts Center ဝင်းအတွင်း၌ မြေ ၁ ဧကပေါ်တွင် အစည်းအရုံးနှင့်သက်ဆိုင် သောလုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုမြေပေါ်တွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟို၏

ရုံးခန်းသစ် ဆောက်လုပ်နိုင်ရန်အတွက် အစည်းအရုံး(ဗဟို)မှ တာဝန်ရှိ သူများအပါအဝင် အစည်းအရုံးဝင်များအနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်ကိုလည်း လူမှု ကွန်ယက် မီဒီယာများမှတစ်ဆင့် တွေ့မြင်ခဲ့ရပါကြောင်း ၊ ထို့အပြင် သဘင်အိမ်ရာ တည်ဆောက်ရန်   ခွင့်ပြုချက် ရရှိပြီး ဖြစ်သော   ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် စစ်သင်္ချိုင်း မျက်နှာချင်းရှိ မြေတိုင်း ရပ်ကွက် ၅၆၃ အား မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို)အတွက် မြေနေရာ ရရှိရေး အတွက် မိမိတို့ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြပေးခဲ့ပါကြောင်း ၊ ယခုအခါတွင် မြန်မာ့သဘင်မှုဆိုင်ရာ ဖျော်ဖြေ တင်ဆက်မှုများကို Channel K မှာထုတ်လွှင့်ပြသ လျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ယခု ထက်ပို၍ ရုပ်သံလိုင်း အတော်တော်များများတွင် ထုတ်လွှင့် ပြသလျှင် ပိုမိုကောင်းမွန်ပါကြောင်း၊  အများပြည်သူနှင့် သဘင်ပညာရပ်များအကြား ပေါင်းကူးသဖွယ်ဟုဖြစ်မည်ဟု ထင်မြင် မိပါကြောင်း၊ သဘင်ပညာရှင်များအနေဖြင့် ရရှိသည့် အခွင့် အရေးကို အပြည့်အဝ အသုံးချကာ တစ်ဖက်မှ ဖျော်ဖြေရေးအပြင် အခြားတစ်ဖက်မှလည်း ရိုးရာ သဘင်မှု ပညာရပ်များကို ထိန်းသိမ်းမြှင့်တင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား တိုးမြှင့်ရေး တို့ကိုပါ အချိုးညီညီ ပေါင်းစပ်ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း ၊ မိမိတို့ဝန်ကြီး ဌာနကလည်း တတ်နိုင်သမျှ ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေဖြင့် သဘင်အနုပညာရှင်များ၏ အကျိုးကိုရှေးရှု၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြကြပါသည်။

နိဂုံးချုပ်အားဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ သဘင်အစည်း အရုံး(ဗဟို) အပါအဝင် မြန်မာ့သဘင်မှု နယ်ပယ်အသီးသီးမှ သဘင်လောကသားများသည် အပြန်အလှန် ရိုင်းပင်းကူညီကာ နားလည်မှုရှိစွာဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများ၏

အကျိုးအတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားနိုင်ကြပါရန် တိုက်တွန်း မှာကြားခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

သတင်းစဉ်

Be the first to comment

Leave a Reply

Your email address will not be published.