ပုလဲရတုအကြို ပန်းတက္ကသိုလ် အနုပညာစွမ်းရည်ပြပြိုင်ပွဲ ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပုလဲရတုအကြို ပန်းတက္ကသိုလ် အနုပညာစွမ်းရည်ပြပြိုင်ပွဲကို ၁၁-၇-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပါမောကချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားကျောင်းသူများ၏ မိသားစုများ တက်ရောက်ခဲ့ကြပါသည်။          

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပါမောက္ခ/ဌာနမှူး(သဘင်) ဦးခိုင်ထွန်းက “ရတုပုလဲအကြိုပန်းတက္ကသိုလ်” အနုပညာစွမ်းရည်ပြ ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အနုပညာစွမ်းရည်ပြပြိုင်ပွဲတွင် တစ်ဦးချင်း(၁၀)ဦး၊ အဖွဲ့လိုက်(၁၀)ဖွဲ့ဖြင့် ယိမ်းအက၊ ဇာတ်တော်(live)၊ ပြဇာတ်၊ တေးသရုပ်ဖော် တို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီးဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ခဲ့ပါသည်။ အဖွဲ့လိုက်ပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆုရ ကျောင်းသား ကျောင်းသူများကို ပါမောက္ခချုပ်နှင့် ဌာနမှူးများက ဆုများအသီးသီးချီးမြှင့်ခြင်းနှင့် ပညာရှင်ကြီး များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.