ပုလဲရတုအထိမ်းအမှတ်အကြို တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲ၊ အဘယလာဘမုနိကြေးဆင်းတုတော် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ၊ (၂၉)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် လှူဒါန်းမှုအစုစုအား ရေစက်ချသာဓု အနုမောဒနာခေါ်ဆိုပွဲအခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ပုလဲရတုအထိမ်းအမှတ်အကြို တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲ၊ အဘယလာဘမုနိကြေးဆင်းတုတော် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ၊ (၂၉)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် လှူဒါန်းမှုအစုစုအား ရေစက်ချသာဓု အနုမောဒနာခေါ်ဆိုပွဲအခမ်းအနားများကို ၁၁-၈-၂၀၂၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီမှစတင်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ပထမဦးစွာ နံနက် ၀၉:၀၀ နာရီတွင် တက္ကသိုလ်ဓမ္မာရုံဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဦးဇော်ဇော်ထွန်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)(ငြိမ်း) ဝဏ္ဏကျော်ထင် ဦးသစ်လွင်စိုး နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသန်းနိုင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ကဗျည်းမော်ကွန်းအား အမွှေးနံ့သာတို့ဖြင့် ပက်ဖျန်းခဲ့ကြပါသည်။

          ထို့နောက် တက္ကသိုလ်ဓမ္မာရုံတွင် ပူဇော်မည့် အဘယလာဘမုနိကြေးဆင်းတုတော်ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း၊ (၂၉)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစု အား ရေစက်ချသာဓုအနုမောဒနာခေါ်ဆိုခြင်း အခမ်းအနားများကို ဆက်လက်ကျင်းပခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈) ရပ်ကွက်၊  ပုလဲကျွန်းလမ်း ရွှေစေတီ ဝိစာရဓမ္မရိပ်သာ ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာရ မဟာသဒ္ဓမ္မ ဇောတိကဓဇ  ဦးစီးသော ဆရာတော် သံဃာတော် (၁၀)ပါး တို့က အဘယလာဘမုနိ ကြေးဆင်းတုတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာရ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည် ခြင်း၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်တော်မူခြင်း၊  သံဃာတော်များအား ဝါဆို သင်္ကန်းနှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဒုတိယနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိစာရ သဒ္ဓမ္မ ဇောတိကဓဇ အရှင်သူမြတ်က ရေစက်ချတရားချီးမြှင့် ခြင်း၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။            အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၃၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.