ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း၊ သင်တန်းသားများခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

အမှတ်(၃၅)၊ နေပြည်တော်

ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း

သင်တန်းသားများခေါ်ယူခြင်း

၁။            ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ပူးပေါင်း၍ ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)တွင် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း(၂၀၂၃-၂၀၂၄)ပညာသင်နှစ်ကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်-

            (က)  သင်တန်းအမည်              –   ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း

            ( ခ )  သင်တန်းကာလ              –   (၁)နှစ်

            (ဂ )   ပညာအရည်အချင်း         –   ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။

            (ဃ)  သင်တန်းဖွင့်လှစ်မည့်နေ့ –   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (   ၁    )ရက်

            (င )   ပေးအပ်မည့်ဒီပလိုမာ       –   ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာဒီပလိုမာ         

                                                                 Post Graduate Diploma in Applied Archaeology (P.G.D.A.A)

            (စ )   သင်တန်းတည်နေရာ       –   ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)၊ မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး။

၂။            လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာပုံစံများကို (၁.၁၀.၂၀၂၃)ရက်နေ့မှစ၍ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ၂၈ လမ်း၊ ၇၀-၇၁ ကြား၊ မန္တလေးမြို့။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန်မြို့နှင့် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)၊ မှော်ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီးတို့၌ ဝယ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာများကို (၃၁.၁၀.၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားကြရမည်။

၃။         အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) ဖုန်း-၀၉ ၄၃၀၀၆၇၈၆၊ ၀၉  ၂၅၄၂၃၆၆၃၉၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော် ဖုန်း-၀၆၇-၄၀၈၀၃၉၊ ၄၀၈၀၄၀၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဖုန်း-ဝ၁-၅၉၀၂၅၂၊ မန္တလေးဌာနခွဲ ဖုန်း- ဝ၂-၆၀၀၅၉၊ ရန်ကုန်ဌာနခွဲ ဖုန်း-ဝ၁-၅၁၂၁၃၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.