၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ (၁)နှစ်သင်တန်း၊ အမှတ်စဉ်(၂၁) သင်တန်းသားများ ခေါ်ယူခြင်း

၁။      ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-

          (က)    သင်တန်းအမည်                           –    ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း

          (ခ)     သင်တန်းကာလ                           –      (၁)နှစ်

          (ဂ)     ပညာအရည်အချင်း                       –      ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်

          (ဃ)    သင်တန်းဖွင့်လှစ်မည့်နေ့                –      ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့

          (င)     ပေးအပ်မည့်ဘွဲ့အမည်                   –      ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာ

                                                                          Post Graduate Diploma in

                                                                          Museology

          (စ)     သင်တန်းတည်နေရာ                     –      အမျိုးသားပြတိုက်(ရန်ကုန်)

၂။       လျှောက်ထားသူလိုများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားကြရမည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာ ပုံစံများကို ၁-၉-၂၀၂၃ ရက်နေ့ မှစ၍ ရှေေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်)၊ ရှေေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ)၊ ၃၂ဒီ၊ ၆မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှေေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)၊ ၂၈လမ်း၊ ၇၀-၇၁ကြား၊ မန္တလေးမြို့၊ မန္တလေး တိုင်းဒေသကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှေေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစု (ပြည်)၊ မှော်ဇာ၊ ပြည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသား ပြတိုက်(ရန်ကုန်)၊ အမှတ်၆၆/၇၄၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့၌ ဝယ်ယူလျှောက်ထား ကြရမည်။

၃။      အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ရှေေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၈၀၃၉၊ ၃၄၀၈၀၄၀၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဖုန်း-၀၁-၅၉၀၂၅၂၊ ရှေးဟောင်း သုတေသန  နည်းပညာသင်တန်းကျောင်း(ပြည်)၊ ဖုန်း-၀၉-၄၃၀၀၆၇၈၆၊ ၀၉-၄၅၂၃၃၆၄၈၃၊ ၀၅၃-၂၈၆၁၂၊ မန္တလေးဌာနခွဲ၊ ဖုန်း-၀၂-၄၀၆၀၀၅၉၊ ရန်ကုန်ဌာနခွဲ၊ ဖုန်း-၀၁-၅၁၂၁၃၆၊ ၅၁၂၁၃၇၊ အမျိုးသားပြတိုက်(နေပြည်တော်)၊ ဖုန်း-၀၆၇-၃၄၁၈၄၃၂၊ အမျိုးသားပြတိုက် (ရန်ကုန်)၊ ဖုန်း-၀၁-၃၇၈၆၅၂၊ ၀၁-၃၇၁၅၃၉ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.