သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်နေခြင်းကို ကြည့်ရှုစစ်ဆေး နေပြည်တော် ဩဂုတ်လ ၂၅ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည်
မြန်မာ့ဇာတ်သဘင်၏ အဓိက အကိုင်းအခက်များဖြစ်သော မြန်မာ့ရိုးရာ
အနုသုခုမပညာရပ်များဖြစ်သည့် အဆို၊ အတီး၊ အက၊ အငြိမ့်နှင့်
ဇာတ်တော်ကြီးတင်ဆက်ကပြမှုများကို စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်
ရှိပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်
ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေ ၀၄၃၀ နာရီအချိန်က ရုံးအမှတ်(၃၅)ရှိ
လေ့ကျင့်ရေးဇာတ်ရုံတွင် “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး
လေ့ကျင့်ဇာတ်တိုက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ မြန်မာ့သဘင်မှု နယ်ပယ်တွင်
ဆို ငို ပြော ဇာတ်တော်ကြီး အပါအဝင် ရိုးရာအနုသုခုမပညာရပ်များ တိမ်ကော
ပပျောက်လုနီးပါးဖြစ်နေသဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊
အနုပညာဦးစီးဌာန အနေဖြင့် အနုပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်၍

2

D/ei khaing/22-23/U Ba(လောဘအမှောင်)(26.6.2023)
မျိုးဆက်သစ်အနုပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိသကဲ့သို့
ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော ရုပ်သံ မီဒီယာများမှတစ်ဆင့်
မြန်မာ့ဇာတ်သဘင်၏ အနှစ်သာရများကို ဖော်ထုတ်တင်ဆက် ရိုက်ကူး၍
အများပြည်သူများအား ပြသနိုင်ရန်အတွက်လည်း လေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။
တင်ဆက်ကပြမှုများကို စစ်ဆေးကြည့်ရှုအပြီး၌
အနုပညာရှင်ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ
လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.